ရွှေဂုံတိုင်ကလေးပြုစုစောင့်ရှောက်ရေးဌာနက မွေးကင်းစကလေး အရွယ်မှစပြီး လက်ခံပြုစုစောင့်ရှောက်ပေးတော့မည်

0
230

ဝိသာခါဖောင်ဒေးရှင်းမှ တာ ဝန်ယူ ပြုပြင်လှူဒါန်းတဲ့ ရန်ကုန် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာန ရွှေဂုံတိုင် ကလေးပြုစုရေးဌာနရှိ မွေးကင်းစ ကလေးပြုစုစောင့်ရှောက် ရေးဌာနကို မေလ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။ ဖွင့်ပွဲ အခမ်းအနားကို လှုမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝန်ကြီးဒေါက်တာ ဦးဝင်း မြတ်အေးက အဖွင့်အမှာစကားပြော ကြားခဲ့ပြီး လှုမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက် တာဒေါ်မြသီတာက အသင်း၏ ရည် ရွယ်ချက်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ ဝိသာခါ ဖောင်ဒေးရှင်းရဲ့နာယကကြီး ပါ မောက္ခ ဒေါက်တာဝင်းမင်းသစ်မှ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းနှင့် ပါဝင်ပူးပေါင်းပြီး ရင်ခွင် မဲ့ ကလေးသူငယ်များ လျော့ချရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ် သက်သောလုပ်ငန်းများ လုပ်ဆောင် ရသည့် ရည်ရွယ်ချက်များကို ရှင်း လင်းပြောကြားခြင်းစတဲ့ အစီအစဉ် များလည်း ပါဝင်ခဲ့ပါတယ်။

အဆိုပါအကြောင်းအရာများနဲ့ပတ်သက်ပြီး ဝိသာခါဖောင်ဒေးရှင်း ရဲ့ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဒေါ်မာလာ မြင့်က ခုလိုပြောပြခဲ့ပါတယ်။

”ဒီနေ့ပွဲကတော့ အစ်မတို့ ဝိသာခါဖောင်ဒေရှင်းနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့က ပူးပေါင်း ပြီး ပထဆုံးအကြိမ် မွေးကင်းစလေးက နေ ခြောက်လအရွယ်ထိ ပြုစုစောင့် ရှောက်တဲ့ဂေဟာ ဖွင့်လှစ်ပွဲပါ။ အစ်မ တို့ ဝိသာခါဖောင်ဒေးရှင်းအနေနဲ့က တော့ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး အဲဒီသုံးရပ်နဲ့ ပတ်သက်တဲ့ လုပ် ငန်းတွေ အားလုံးကို လုပ်ဆောင်နေ ပါတယ်။ အစ်မတို့ အဖွဲ့အစည်းရဲ့ ရွယ်ရည်ချက်နဲ့ ကိုက်ညီတဲ့အလုပ် တွေ ဆက်တိုက်လုပ်ဖြစ်ပါတယ်။ အစဉ်မပြတ် လစဉ်လတိုင်း လုပ်လာ တာကတော့ နှစ်နှစ်ကျော်လောက် ရှိ ပါပြီး။ အစ်မတို့ အဖွဲကတော့ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာကတည်းက အစိုးရ အသိအမှတ်ပြုတဲ့အဖွဲ့ပါ။ အခုဆိုရင် နှစ်နှစ်ကျော်သက်တမ်း ရှိပါပြီ။နောက်ထပ်လည်း အစ်မတို့ ဝိသာခါ ဖောင်ဒေးရှင်းအနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့နဲ့ ပတ်သက်တဲ့ ပရဟိတပိုင်းတွေကို ဆက်လက် လုပ် ဆောင်သွားမှာပါ”လို့ပြောပြခဲ့ပါတယ်။

ဝိသာခါဖောင်ဒေးရှင်းမှ ငွေ ကျပ် (နှစ်ရာသုံးဆယ့်ငါးသိန်း) အကုန်အကျခံကာမွေးကင်းစမှ (၆ လ) အထိ တာဝန်ယူ စောင့်ရှောက် ပေးသွားရန် ပြုပြင်လှူဒါန်းခဲ့ခြင်း လည်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေဂုံတိုင်ကလေးပြုစုစောင့်ရှောက် ရေးဌာနအနေနဲ့ အရင်က ခြောက်လ ရွယ်ကလေးမှစပြီး လက်ခံစောင့် ရှောက်ခဲ့ပြီး အခုအခါမှာတော့ မွေး ကင်းစကလေးအရွယ်မှပြီး လက်ခံ စောင့်ရှောက်ပေးတော့မှာဖြစ်ကြောင်း လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here