Miss Universe Yangon 2018 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆန်ခါတင်အလှမယ်၂၄ဦးထွက်ပေါ်

0
147

Miss Universe Yangon 2018 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန်ခါတင်အလှမယ် ၂၄ ဦး ကတော့ ပေါ်ထွက်လာပြီဖြစ်ပါတယ်။ ဝင်ရောက်ပြိုင်ပွဲ ဝင်ကြသူများထဲမှာ အလှမယ်ပြိုင်ပွဲ အတွေ့အကြုံရှိသူ များလည်း ထပ်မံယှဉ်ပြိုင်ကြသလို အတွေ့အကြုံမရှိ သေးတဲ့ ပြိုင်ပွဲဝင်များကိုလည်းတွေ့ရပါတယ်။ ဆန်ခါ တင် အလှမယ် ၂၄ ဦးကို စာနယ်ဇင်းများနဲ့ တွေ့ဆုံ မိတ်ဆက်ပွဲကို မေလ ၂၄ ရက် နေ့လည် ၃ နာရီက ပြည်လမ်းမှာရှိတဲ့ Jasmin Palace Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်သူ အလွန် များပြားခဲ့တဲ့ Miss Universe Yangon 2018 ပြိုင်ပွဲ အတွက် ပဏာမအဆင့် အလှမယ် ၂၄ ဦးကို ရွေးချယ်ခဲ့ခြင်းနဲ့ ပတ်သက်လို့လည်း …

”ကျွန်တော်တို့တွေ လျှောက်လွှာလက်ခံတဲ့ အချိန်တုန်းကတော့ လျှောက်လွှာပေါင်း ၃ဝဝ နီးနီး လာလျှောက်ကြ ပါတယ်။ အဲဒီအထဲကမှ ကျွန်တော်တို့ ဖော်ပြထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ လျှောက်လွှာရှင်တွေကို ဖယ်ထုတ်ပြီး ကျန်တဲ့ပြိုင်ပွဲဝင်တွေထဲက လူတွေစစ်ဆေးမှု၊ ကျန်းမာရေးစစ်ဆေးမှုတွေကို ထပ်မံ စစ်ဆေးခဲ့တယ်။ ဒီလိုအဆင့်ဆင့် အောင်မြင်သူတွေထဲက ၂၄ ဦးကို ရွေးချယ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာလည်း အတွေ့အကြုံရှိသူတွေ ရော၊ အတွေ့အကြုံမရှိတဲ့သူတွေလည်း ပါဝင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပြိုင်ပွဲဝင်တွေ အားလုံးကို အသစ်လို့ပဲ သဘောထားပြီး လေ့ကျင့်မှုတွေ၊ Training တွေ ပြုလုပ်ပေးသွားပါမယ်။ Organization အနေနဲ့လည်း Training ကာလမှာ Catwalk လျှောက်တာတွေ၊ PR ပိုင်းနဲ့ပတ်သက်တာတွေ၊ Personal Grooming တွေ၊ Fitness ၊ Dance အစရှိတာတွေကို သင်ကြားပေးပါမယ်”လို့ Miss Universe Yangon Organization မှ တာဝန်ရှိသူ ကိုမျိုးမင်းက ပြောပြပါတယ်။

ဆက်လက်ပြီး ပြိုင်ပွဲဝင် အလှမယ် ၂၄ ဦးအတွက် ပြိုင်ပွဲဝင်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ အမှတ်ပေးပုံ စည်းမျဉ်းများအကြောင်းကိုလည်း …

”ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲဝင် ၂၄ ဦးကို စတင်ရွေးချယ်ပြီးချိန်က စလို့ အမှတ်ပေးမှုစတင်ပါပြီ။ တစ်ဦးစီတိုင်းကိုလည်း အမှတ် ၁ဝဝ ပေးထားပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့က သူတို့ရဲ့ အားနည်းချက် အားသာချက်တွေအပေါ်မူတည်ပြီး အမှတ်တွေ နုတ်သွားပါမယ်”လို့ Miss Universe Yangon Organization မှ ကိုမျိုးမင်းကပြောပြပါတယ်။ Miss Universe Yangon 2018 Grand Final ပြိုင်ပွဲကြီးကိုတော့ ဇွန်လထဲမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here