အစဉ်အလာအရ

0
129

ပုပ်အဲ့နေတဲ့ ရိုက်ခတ်မှုတွေ
လူငယ်ဆိုတာ
လွတ်လပ်ခြင်းရဲ့သင်္ကေတ

နယ်မြေသစ်ဆီက
ကိုလံဘတ်ရဲ့သင်္ဘော
အနားသတ်က စရိုက်ဆန်လာတယ်

တွေဝေငေးမောခြင်းရဲ့
ဟိုဘက်ကမ်းဆီကူးရင်း

ပတ်ဝန်းကျင်ရဲ့
သွေဖည်ထောင့်ကျဉ်းက လူငယ်
သံသယကိုအဖြေရှာနေတာလူငယ်

ညဟာ ညအတိုင်းမိုးလင်းဖို့ဆိုတာ
လှောင်ချိုင့်ထဲက
မခံချင်စိတ်တွေပါတယ်

တော်လှန်ရေးတွေကမဆုံးနိုင်
အမြင်တစ်ခုမှာပဲ အရောင်တွေကွဲပြား
သွေးတွေစီးနေလျက်နဲ့ ဝေးနေရသလို
စနစ်က လမ်းကိုလွှဲပစ်လိုက်တယ်

စိတ်ဝိညာဉ်ကိုချဉ်းကပ်ဖို့ကြိုးစားရင်း
လူငယ်လေးတွေ ငိုနေတယ်
လူငယ်လေးတွေ ပစ်ပယ်ခံနေရတယ်

မွေးဖွားရှင်သန်လာတာချင်းအတူတူမှာ
ရှု့ထောင့်တွေ သံစဉ်တွေမတူတော့ဘူး

ပတ်ဝန်းကျင်စနစ်ဟောင်းထဲမှာ
အရိုးစွဲဓားထစ်ရာတွေ
ပတ်ဟောင်နေတယ်

ကျုံးသွင်းခံနေရတဲ့ လှေနံက လူငယ်
ဖောက်ထွက်ချင်နေတဲ့
အငုံစိတ်က လူငယ်
အနာဂတ်တွေခြောက်ကပ်
တော်လှန်ရေးတွေမဆုံးနိုင်။

လင်းအိမ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here