ဟိန်းဝေယံ ပထမဆုံး ဒါရိုက်တာ အဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကား အခြေအနေ

0
588

သရုပ်ဆောင်ဟိန်းဝေယံက သူကိုယ်တိုင်ပထမဆုံးဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ‘မာယာ ကကြိုး’ ရုပ်ရှင်ဇာတ်ကားကို ဒီနှစ်ထဲမှာ ရုံတင်ပြသနိုင်ဖို့ကြိုးစားနေပေမယ့် ဒီနှစ်တော့ ရုံမတင်နိုင်တော့ကြောင်း ပြောလာပါတယ်။

“အခုပဲ ၅ လပိုင်းရောက်နေပြီ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးက ရိုက်ကူးထားတာက အားလုံးတော့ပြီးသွားပြီ။ တခြား လိုအပ် တာတွေ၊ editing ပိုင်း၊ Color Correction ပိုင်းတွေ လုပ်ရဦး မယ်။ အဲဒါပြီးမှ ဆင်ဆာတင်ရမယ်။ အဲဒီလို ဆိုတော့ နောက်နှစ်လောက်မှာပဲ ရုံတင် ပြသဖြစ် မယ်ထင်တယ်” လို့ဟိန်းဝေ ယံကပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့စဉ်ကသူ့မှာရှိတဲ့ အတတ် ပညာတွေနဲ့ အစွမ်းကုန်ကြိုးစားရိုက်ကူး ထား ပေမယ့်လို အပ်ချက်တွေတော့ရှိ နေမှာဖြစ်ကြောင်းဟိန်း ဝေယံကပြောပါ တယ်။

“အတက် နိုင်ဆုံးတော့ ကြိုးစား ထား တယ်။ ပထမ ဦးဆုံး စတင်ပြီး ရိုက်ကူးတဲ့ ဇာတ် ကားဖြစ် တဲ့အပေါ် မှာတော့တချို့ နေ ရာတွေမှာ ကိုယ့် ကိုယ်ကိုယ် အားမရ မိတာ မျိုးတွေရှိပါ တယ်။ ဒါပေမဲ့ ကျွန်တော်ပြော နိုင်တာ ပြောရဲ တာကတော့ကျွန် တော်ရိုက်ကူးတဲ့ အချိန် မှာတော့အကောင်းဆုံး ရိုက် ကူးခဲ့ပါတယ်။ ကျွန် တော့် မှာရှိတဲ့ပညာနဲ့ရတဲ့ အခွင့် အရေးလေးနဲ့ အကောင်း ဆုံးလုပ်ထားပါတယ်။တကယ် လို့ ရုံတင်ပြသလာရင် ပရိ သတ်တွေနှစ်သက်မယ် လို့ လည်းမျှော်လင့်ပါတယ်” လို့ဟိန်းဝေယံကပြော ပါ တယ်။

သူ့အနေနဲ့ အခု လတ် တလောမှာ ဇာတ်ကား ရိုက်ကူးမှုတွေ သိပ်မလုပ် ဖြစ် ပေမယ့်လည်း အနုပညာ နဲ့ပတ် သက်ပြီး လေ့လာစရာ သင်ယူ စရာရှိတာတွေကို လေ့ လာသင်ယူနေပြီး ပရိသတ် များ ကိုဇာတ်လမ်းအသစ် အဆန်း လေးတွေ ရိုက်ကူးပြသွား နိုင်ဖို့ အတွက်ကိုလည်း ကြိုးစား နေ ကြောင်းဟိန်းဝေယံက ပြော ပြခဲ့ ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here