ရောသမနှပ်လက်ဖက် ကို စားတဲ့သူတိုင်းကြိုက်ကြမယ်ဆိုတာာ အာမခံလိုက်သူသားစိုး

0
77

 

သားစိုးက ရောသမနှပ်လို့ နာမည်ပေးထား တဲ့ ချဉ်၊ ငန်၊ စပ် လက်ဖက်ကို ဇူလိုင်လထဲမှာ တစ်နိုင်ငံအနေအထားနဲ့ ဖြန့်ချိတော့မှာ ဖြစ်ပါ တယ်။ လက်ဖက်လုပ်ငန်းကို စတင်လုပ်ကိုင်ဖို့ ၂ဝ၁၃ ခုနှစ်မှာ စတင်စိတ်ကူးရပြီး ၂ဝ၁၄ ခုနှစ် မှာ လက်ဖက်အရသာကို သတ်မှတ်နိုင်ခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့ င်္ီဗ မှ ခွင့်ပြုချက်ချပြီး ပြီလည်း ဖြစ်ပါတယ်။

“FDA ကလည်း သေချာစစ်တယ်။ ကျွန်တော့်အနေနဲ့လိုအပ်ချက်တွေ မျိုးစုံဖြတ်သန်း ပြီးမှ ဒီအခြေအနေကို ရောက်ရှိလာတာပါ။ အင်မတန် ပင်ပန်းပါတယ်။ တော်တော်ကို ခက်ခဲ တဲ့ လုပ်ငန်းတစ်ခုထဲမှာပါပါတယ်။ သူများနဲ့ မတူ တဲ့အရသာတွေဖြစ်အောင် ကျွန်တော့်အနေနဲ့ အချိန်တော်တော်လေး ကြိုးစားလိုက်ရပါတယ်။ လက်ရှိရှိနေတဲ့ လက်ဖက်တွေနဲ့မှ တစ်ခုနဲ့ မတူ အောင် ကျွန်တော်လုပ်ထားပါတယ်။ စားသုံးတဲ့အခါ မှာလည်း အရသာက ထူးခြားပြီးတော့ လျှာဖြားက နေပြီးတော့ ရင်ထဲထိသွားတဲ့အရသာမျိုးဖြစ် အောင် ကျွန်တော် ကြိုးစားထားပါတယ်။

စားသုံးပြီးတဲ့သူတိုင်း ကြိုက်နှစ်သက်မှာ သေချာပါတယ်။ အဓိကတော့ အစပ်ကြိုက်ရ မယ်ပေါ့။ မြန်မာမှန်ရင် လက်ဖက်ကြိုက်တယ်လေ။ လက်ဖက်ကြိုက်တဲ့သူတိုင်းကရော သမနှပ်ကို ကြိုက်ကြမှာ ကျွန်တော်ရဲရဲကြီးအာမခံရဲပါတယ်”လို့ လက်ဖက်နဲ့ ပတ်သက်ပြီး သားစိုးကပြောပြပါ တယ်။ သူ့အနေနဲ့ အရသာတစ်မူ ထူးခြားတဲ့ လက်ဖက်အရသာမျိုးရအောင် သူကိုယ်တိုင် အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးမှ အကောင်းဆုံး လက်ဖက်ရ အောင် ကြိုးစားထားတာဖြစ်ကြောင်း ပြောပြပါတယ်။ ရောသမနှပ်ရှုးရှဲ လက်ဖက်ကို တော့ ကျပ် ၅ဝ တန်နဲ့ ကျပ် ၅ဝဝ တန်ဆိုပြီး နှစ်မျိုးပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး အကြော်စုံအနေနဲ့ လည်း မကြာခင်မှာ ထွက်ရှိဖို့ကြိုးစားသွားမှာ ဖြစ်ပါတယ်။ သားစိုးက ရောသမဆိုတဲ့အမည်နဲ့ နောက်ပိုင်းမှာလည်း စားသောက်ကုန်တွေကို ထပ် မံထုတ်လုပ်သွားဖို့ စီစဉ်ထားပြီး လူတိုင်းစားသုံးနေ ကြ အရသာ မဟုတ်တာမျိုးတွေကိုပဲ ထုတ်လုပ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်မှာ ထုတ်လုပ်စရာ တွေ အများကြီးရှိပါတယ်။ များသောအားဖြင့် ဆင်တူရိုးမားတွေ ဖြစ်ကြတာများတယ်။ ကျွန်တော် က အဲဒီလိုမဖြစ်စေချင်ဘူး။ ဒီဇိုင်းသီးသန့်ပဲဖြစ်ချင် တယ်။ အဲဒါကြောင့်မို့ ကြိုးစားပြီး အားထုတ်ပြီး တော့ စားသောက်ကုန်လုပ်ငန်းကို ဆက်တိုက် လုပ်ကိုင်သွားမှာပါ”လို့ သူ့ရဲ့နောက်ထပ် အစီအစဉ် တွေနဲ့ပတ်သက်လို့ သားစိုးက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here