မျက်လုံးအခြေအနေကြောင့် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတာကို ခေတ္တရပ်နားထားရသူ သရုပ်ဆောင် အေးဝတ်ရည်သောင်း

0
230

လတ်တလောမှာတော့ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာသူမရဲ့ မျက်စိအခြေအနေကြောင့်ရုပ်ရှင်ဇာတ်ကားများရိုက်ကူးတာကို ရပ်နားထား ရပြီး ကြော်ငြာတွေပဲ ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

”ပေါက်စီလောလော ဆယ်ရုပ်ရှင်တော့ရိုက်လို့မရဘူး။ ပေါက်စီရဲ့ မျက်လုံးက ပြန်ဖြစ်နေ တာကြောင့် နားထားရတယ်။ ကြော်ငြာရိုက်တို့၊ ဓာတ်ပုံ ရိုက်တို့တော့ ရိုက်နေရပါတယ်”လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

အနုပညာ လောကထဲထပ်မံ၍ဝင်ရောက်လာချိန်မှာ ပထမဦးဆုံးပြန်လည် ရိုက်ကူးခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး အကြောင်းကို လည်းအေးဝတ် ရည်သောင်းက…

”မုန်း စွဲဇာတ်ကားကတော့ ပေါက်စီအနုပညာလောကထဲ နောက်တစ်ကြိမ်ဝင် ရောက်လာတဲ့ အချိန်မှာပထမဦးဆုံး ရိုက်ကူးဖြစ်တဲ့ဇာတ်ကားလေးပေါ့။ အဲဒီ ဇာတ် လမ်းထဲမှာ ပေါက်စီ အခန်းက နည်းပေမယ့် ကာရိုက်တာအရ ဆိုရင်တအားလည်းဆန်းတယ်။ ဇာတ်လမ်းအရ လည်း တအားဆန်းတယ်။ နောက်တစ်ခုက ဒီ ဇာတ်ကား တစ်ကားလုံးက ဆန်းတယ်။ ပြီး တော့တကယ် တော်တဲ့သူတွေချည်းပဲလေ။ ကိုနေတိုးဆို လည်းတအားကြိုးစားတယ်။ ပေါက်စီ လည်းအကောင်းဆုံးဖြစ်အောင် ပြင်ဆင် တယ်။ တစ်ခါမှ မလုပ်ဘူးသေး တဲ့ ကာရိုက်တာလည်းဖြစ်တယ်။ ဖွေးဆိုရင် လည်း အရမ်းကြိုးစားတယ်။ တကယ်ကို တော် တဲ့ သူတွေနဲ့ပဲဆုံရတဲ့အတွက် အဲဒီဇာတ်ကား လေး ထွက်ရှိလာရင်တော့ တကယ့်ကိုကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ယုံကြည် ပါ တယ်”လို့ ပြောပါတယ်။

We Love အဖွဲ့သားတွေနဲ့ဆုံ တွေ့ပြီး စကားတွေ အေးအေးဆေးဆေး ပြောချင် တဲ့အကြောင်းကို အေးဝတ်ရည်သောင်းက ပြောပါတယ်။ ”အဲဒီ We Love အဖွဲ့ ပေါက်စီကို ချစ်တဲ့ အမျိုးတွေ စုထားတွဲ့မသကစ လေးလည်း ရှိတယ်။We Love လည်းရှိတယ်။ ကဗျာရေးတဲ့အဖွဲ့တွေ လည်း ရှိတယ်။ အဲဒီအဖွဲ့တွေဖွဲ့ထားတာ လည်း တစ်နှစ်လောက်ရှိပြီဆိုတော့ သူတို့အတွက်တော့ပေါက်စီတတ် နိုင် သရွေ့ သူတို့ဘာလုပ်ချင်လဲ၊ သူတို့တွေ တော်တော်များများဘယ်လို မျိုးလေး ဖြစ်ချင်လဲဆိုတာသိချင်တယ်။ ပေါက်စီက တော့စုပြီးတော့ ပွဲလေး တွေ စီစဉ်တာပေါက်စီက အားနည်း တယ်ဆိုပေမယ့် အဲဒီလို မျိုးပွဲလေး တွေကိုစီစဉ်ပေးနိုင် တဲ့သူ တစ်ယောက်ရှိတယ်ဆိုရင် သူတို့ တွေနဲ့တွေ့ချင်တယ်။ သူတို့ ကဗျာလေးတွေလည်း ဖတ်ချင် တယ်။ စကားတွေလည်း အေးအေး ဆေးဆေးပြောချင်တယ်။ သူတို့ရဲ့ ကဗျာ လေးတွေလည်းဖတ်ချင်တယ်။ ပေါက်စီ ရေး ပေး ထားတဲ့ ကဗျာ လေးတွေလည်းရှိတယ်။ အဲဒါ လေးတွေလည်း သူတို့နဲ့ အတူတူဖတ်ချင်တယ်။ မွေးနေ့ မှာလည်း သူတို့ နဲ့အတူတူရှိနေဖို့ မျှော်လင့်ပါတယ်” လို့ အေးဝတ်ရည်သောင်းပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here