ရဲရင့်အောင် ကို အဆိုတော်တစ်ယောက်အနေနဲ့ ကြိုက်ခဲ့တာပါလို့ဖွင့်ဟလာတဲ့ ဧငြိမ်းဖြူ

0
280

ဧငြိမ်းဖြူဆိုလို့ပြောလိုက်ရင် Dance တွေကနေတဲ့ ကောင်မလေး၊ ဒါမှမဟုတ် သရုပ်ဆောင်တစ်ယောက်လို့ မြင်ကြမယ်။ နောက်ထပ် ကွက်ကွက် ကွင်းကွင်းမြင်ကြမှာက အဆိုတော်ရဲရင့်အောင်ရဲ့ ချစ်သူကောင်မလေးအဖြစ် ပေါ့။ ရဲရင့်အောင်ရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘ငါ့ကိုနမ်းတဲ့မုန် တိုင်း’ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အထူးပြသပွဲကို ဧငြိမ်းဖြူ လည်း တက်ရောက်အားပေးခဲ့တယ်။ ‘ဘယ်လိုလဲ ရဲရင့်အောင်ရဲ့ သရုပ်ဆောင် ချက်တွေကိုရော သဘောကျရဲ့လား’ လို့မေးတော့…..

“ကောင်းပါတယ်။ သူတကယ် ကြိုးစားထားတာ။ ကြည့် ရတာလည်း တန်ပါတယ်။ တကယ်ကောင်းပါတယ်” လို့ ဧငြိမ်းဖြူကပြောပြပါတယ်။ နောက်ထပ်မေးဖြစ်တာက ရဲရင့်အောင်ကို သရုပ်ဆောင်တစ်ယောက်အဖြစ်မြင်ချင် လား၊ ဒါမှမဟုတ် အဆိုတော်တစ်ယောက်အနေနဲ့မြင်ချင်လားလို့မေးတော့…

“ညီမက သူ့ကို အဆိုတော်တစ်ယောက်အနေနဲ့ ကြိုက်ခဲ့တဲ့ လူတစ်ယောက်ဆိုတော့ သူကအဆိုတော်မှာပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်မှာပဲဖြစ်ဖြစ် သူကတကယ်လုပ်ချင်ရင် လုပ်နိုင်တဲ့သူတစ်ယောက်ဆိုတော့ ညီမကတော့ သူတစ်ခုခု လုပ်မယ်ဆိုရင် အကြံဥာဏ်ပေးဖြစ်မှာပါ” လို့ သူမကပြော ပါတယ်။ ကိုယ်ကလည်း သရုပ်ဆောင်တစ်ယောက်ဆိုတော့ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ရဲရင့်အောင်နဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိဦးမလားလို့ ဆိုပြန်တော့…

“သရုပ်ဆောင်ဘက်မှာတော့ အတူတူလုပ်ဖို့စဉ်းစားထား တာမရှိပါဘူး။ သူ့ရဲ့ သီချင်းနဲ့ ပတ်သက်လို့တော့ အတူတူလုပ်ဖို့ Plan လေး တွေချထားတာရှိပါတယ်။ အတူတူသီချင်းဆိုမှာတော့ မဟုတ်ဘူး။Surprise ပေါ့” လို့ ဧငြိမ်းဖြူက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here