ရုပ်ရှင်ရိုက်ဖို့ နောက်ထပ်လက်ခံထားတာမရှိပေမယ့်ရုပ်ရှင်ရိုက်ချင်သေးတဲ့ရဲရင့်အောင်

0
226

‘သြရထူး’ဆိုတဲ့ဇာတ်ကောင်က ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကား မှာ လုပ်ကွက်ရတဲ့ဇာတ်ကောင် စရိုက်လို့ ဆိုရမှာပါ။ သူဌေးသားဂျစ်ကန်ကန်၊ ငွေရှိရင် ဘာမဆိုဖြစ်တယ် ဆိုတဲ့အချိုးစတိုင်မျိုး၊ အရက်၊ ဘီယာ သောက် တာကစလို့ မိန်းမကိစ္စရှုပ်တာတွေ၊ အပြင်မူးယစ်ဆေးသုံးစွဲတဲ့ ပုံစံစသဖြင့် ပေါ့။ ရည်းစားရှိတဲ့ ကောင်မလေးကို တကယ်ချစ်မိတော့ တခြား ဘာမှမသိ၊ ကိုယ်ဖြစ်ချင်တာပဲသိတဲ့ မင်းသားမဟုတ်တဲ့၊ ဗီလိန်စစ်စစ်။ ဒီလိုနေရာ မျိုးကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြသွားတဲ့ ရဲရင့်အောင်။ သူက အဆိုတော်သာဆိုပေမယ့် သရုပ်ဆောင်ရာမှာကြောင်သွားတာ မျိုး မရှိပါဘူး။ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကား အထူးပွဲပြီးတော့ ထွက်ရှိလာတဲ့ ရဲရင့်အောင်ကို တကယ့်ဗန့်ကာရိုက်တာပုံစံ သရုပ် ဆောင်ရတော့ ကိုယ့်ကိုကြည့်တဲ့ ပရိသတ်တွေမုန်းမှာ မကြောက် ဘူးလားလို့ မေးတဲ့အခါ …

“အေးပေါ့နော့ (ရယ်လျက်)။ ကျွန်တော့်ကို မုန်းသွားမယ်ဆို လို့ ရှိရင်လည်း တကယ်မုန်းစရာကောင်းအောင်လုပ်နိုင်ခဲ့လို့ပဲ နေမှာပါ” လို့ ရဲရင့်အောင်က ပြောပါတယ်။ ဒီဘက်ခေတ်မှာက မင်းသားနေရာထက် အဲဒီလို ဗီလိန်၊ ဗန့်ကာရိုက်တာမျိုးကို ပရိ သတ်က ပိုပြီးတော့အားပေးလာကြပါတယ်။ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားမှာ လူဆိုးနဲ့ လူကောင်း၊ ရဲရင့်အောင်နဲ့ လွှမ်းပိုင် တို့ရဲ့ ကာရိုက်တာတွေအတွက် ကိုယ့်ဘာသာကိုယ်ပဲ ရွေးချယ်ကြ တာလား။ ဒါမှမဟုတ် ဒါရိုက်တာတွေကပဲ နေရာချ ပေးတာလား လို့ဆိုတော့ …

“ဒီဇာတ်လမ်းရှိတယ်။ ယောက်ျားလေး ကာရိုက် တာက ၂ မျိုးရှိတယ်။ ကိုဘိုဆန်းတို့က ကျွန်တော့်ကို သြရထူးနေရာကို ပြတယ်။ ကျွန်တော်ကြိုက်တယ်။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုလို့ရှိရင် ကျွန်တော်က အလွန်ဒရာမာ ဆန်တာတို့၊ တအားငို ရတာတို့ဆိုရင် ကျွန်တော် သိပ်ပြီးတော့ အဆင်မပြေဘူး။ ကျွန်တော်ကိုယ် တိုင်လည်း တအားကြီးသဘောကျတဲ့အထဲမှာ မပါဘူးဗျ။ သြရထူး ဇာတ်ကောင်နေရာမှာက အဲဒီလောက်ဟာမျိုးတွေ သိပ်မပါဘဲနဲ့ သူလုပ်ရ မယ့်ဟာတွေက ကျွန်တော်လုပ်ချင်တယ်။ အဲဒါကြောင့်ပါ။ ကျွန်တော် ကိုယ်တိုင်သဘောကျတာပါ”လို့ ရဲရင့်အောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here