အသက် ၂၄ နှစ်ပြည့် မွေးနေ့ ရောက်တော့မယ့် သရုပ်ဆောင် စံရတီမိုးမြင့် အိမ်ထောင်ပြုတော့မှာလား

0
291

ဆယ်ကျော်သက် အရွယ်က တည်းက အနုပညာလောကထဲ ဝင် ရောက်လာခဲ့တဲ့ သရုပ်ဆောင် စံရတီ မိုးမြင့်ကဆိုရင် လာမယ့် ဇွန်လထဲမှာ အသက် ၂၄ နှစ်ပြည့်တော့မှာဖြစ်ပါ တယ်။ သူမရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့အတွက် ဘာတွေစီစဉ်ထားလဲ လို့မေးမြန်းဖြစ်ခဲ့ပါတယ်။

”နောက်လ ဇွန်လ ဆိုရင် သဲသဲ အသက် ၂၄ နှစ်ပြည့်တော့မှာပါ။ မွေးနေ့မှာ သဲသဲ We Love တွေက တော့ တွေ့ဆုံခွင့်တောင်းခံထားပါ တယ်။ ဒါပေမဲ့ မွေးနေ့မှာ သဲသဲ ခရီး သွားဖြစ်မလား၊ မသွားဖြစ်ဘူးလား တော့မသေချာပါဘူး။ ပွဲကြီးတော့ မလုပ်ဖြစ်ပေမယ့် သဲသဲခါတိုင်းလိုပဲ လှူဒါန်းနေကျနေရာတွေ ဂေဟာ တွေကို အလှူငွေတွေ ပေးပို့လှူဒါန်း သွားမှာပါ။ သဲသဲ က အလှူငွေတော့ တိုက်ရိုက်မလှူပါဘူး။ သူတို့လိုအပ် တယ်ဆိုရင် တစ်ဆင့်ပဲ လွှဲအပ်ပေး လိုက်ပါတယ်။ လတိုင်းလှူနေကျ အလှူအတန်းများနဲ့တော့ မတူဘူး ပေါ့။ မွေးနေ့ဆိုတော့ ပိုတိုးပြီး လှူဒါန်းဖြစ်မှာပါ။ အရင်ကတော့ တိရစ္ဆာန်လေးတွေ ဂေဟာတွေမှာ လှူဒါန်းဖြစ်ပါတယ်။ ခုတော့ ဘိုးရိပ် သာတွေကိုပါ လှူဒါန်းဖို့ စဉ်းစားထား ပါတယ်။ နေရာတော့ အတိအကျမသိ သေးပါဘူး။ စဉ်းစားနေတုန်းပါပဲ။ အသက်အရွယ်က ၂၃ -၂၄ ရောက် လာပြီဆိုတော့ ၁၇-၁၈ တုန်းကနဲ့ တော့ မတူတော့ဘူးပေါ့။ ၂၅ ကျော် ရင် အပျိုကြီးစာရင်းတောင် ဝင်တော့ မယ်ဆိုတော့ ပျော်စရာရှိရင်လည်း ပျော်လိုက်တယ်။ အပူအပင် အဲဒီ လောက် မထားတော့ဘူး” လို့ စံရတီ မိုးမြင့်က ပြောပြခဲ့ပါတယ်။

အပျိုကြီးဖြစ်ဖို့ ကံဇာတာပါလာ ရင် အပျိုကြီးဖြစ်မှာပါလို့ ပြောလာတဲ့ သရုပ်ဆောင် စံရတီမိုးမြင့်က …

”ကိုယ်မှာ အပျိုကြီးဖြစ်ဖို့ ကံပါ လာရင်လည်း အပျိုကြီးဖြစ်မှာပါ။ ဒါ မှမဟုတ်ရင် အိမ်ထောင်ပြုဖြစ်ရင် လည်း ပြုဖြစ်မှာပါ။ ကံတရားက ဘာမှတော့ ကြိုပြောလို့မရပါဘူး” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here