အလှအပရေးရာနဲ့ ပတ်သက်ပြီး ထက်ထက်မိုးဦး ဘာတွေပြုပြင်ခဲ့လဲ

0
173

ထက်ထက်မိုးဦးက အနုပညာအလုပ်တွေ ပြန်ပြီးလုပ်ကိုင်တော့မယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ မင်းသားဇေရဲထက်နဲ့ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ စေညွှန်ရာကကြိုးရုပ်ဇာတ် ကားကို အတူတွဲဖက်ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပါတယ်။ အခုလိုတွဲဖက်ပါဝင်ရိုက်ကူးတဲ့အခါ ဝါရင့်သရုပ် ဆောင်တစ်ယောက်အနေနဲ့ ဇေရဲထက်အပေါ် သူ့ရဲ့အမြင်ကို ထက်ထက်မိုးဦးက …

”အစဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အထာသိအာင်ကြိုးစား ရတယ်။ ဒါပေမဲ့အဆင်ပြေပါတယ်။ သူကအလုပ်ကြိုးစားတယ်။ ရိုးလည်း ရိုးသားတယ်။ သဘောလည်းကောင်း တယ်”လို့ ပြောပြပါတယ်။

ဒီဇာတ် ကားရိုက်ကူးရေးမှာ သူ့ဆီက အကူ အညီများရရှိခဲ့သလို သူ့ရဲ့အလှပရေးရာနဲ့ ပတ်သက်ပြီးတော့လည်း ဇေရဲ ထက်ရဲ့အကြံဥာဏ်ပေးမှုတွေ ရရှိခဲ့ ပုံကိုလည်း ထက်ထက်မိုးဦးက…

”မျက်လုံးအောက် နားလေးတွေက တွန့်နေ တာ။အဲဒါလေးတွေ တင်းသွားအောင် ဇေရဲထက်က လုပ်စေချင်တာနဲ့ မိုးကောင်းလမ်းက ဆိုင်မှာ သူလမ်းညွှန် လို့ သွားလုပ်လိုက်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ထက်က သိပ်နားမလည်ဘူး။ အဆင်ပြေသလိုပဲ လုပ်ခိုင်းလိုက် တယ်။ ကြိုးထိုးတာ။ အခုထိုးထားတာ ၃၊ ၄ ရက်ပဲရှိသေးတယ်”လို့ ပြောပြ ခဲ့ပါတယ်။

အခုလို ကြိုးထိုးပြုပြင်မှု ပြုလုပ်ရခြင်းအတွက် ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမှာကို မတွေးတော့ဘဲ အသက်အရွယ်ကြီးလာလို့ လုပ် ထိုက်လို့လုပ်ရတာဖြစ်ကြောင်း ထက် ထက်မိုးဦးကပြောပါတယ်။ အခုလတ်တလောမှာတော့ ဇေရဲထက်နဲ့ပဲ ဇာတ်ကားတစ်ကား ဆက်လက်ရိုက် ကူးသွားဦးမှာဖြစ်ပြီး စိန်ဌေးရုပ်ရှင် ထုတ်လုပ်ရေးနဲ့လည်းထပ်ပြီးရိုက်ကူးသွား မယ့်ဇာတ်ကားတွေရှိကြောင်း သိရ ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here