တချို့ဆို ဇာတ်ကားတွေကို သိန်းသောင်းချီရင်းနှီးရိုက်ကူးပြီးတော့မှ ပြသခွင့်ရဖို့ စောင့်နေကြရတဲ့ လူတွေ ရှိတယ် အကယ်ဒမီ် ရန်အောင်

0
156

အကယ်ဒမီ ရန်အောင်ကတော့ သူ့ရဲ့ အမြင်အရ လက်ရှိအချိန်ဟာ မြန်မာ့ရုပ်ရှင်လောက အရှိန်အဟုန်ရပြီး တိုးတက်နေလာနေတဲ့ ကာလ ဖြစ်တာနဲ့အညီ တစ်ဆက်တည်းမှာလည်း ရုံတစ်ရာစီမံကိန်းဟာတစ်စတစ်စနဲ့ ခရီးရောက်လာနေပြီဖြစ်တာကြောင့် နောက်ပိုင်း နောက်ပိုင်းတွေမှာ မြန်မာ့ရုပ်ရှင်လောကဟာ အခုထက်ပိုပြီး တိုးတက်ဖွံ့ဖြိုးလာမှာ အသေအချာပါပဲလို့ မှတ်ချက်ပြုပြောဆိုလာပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာ ရုံတင်ပြသခွင့်မရသေးဘဲစောင့် ဆိုင်းနေရတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းဟာ ၂၅ဝ ကျော်အထိ ရှိလာ နေပြီဖြစ်ပြီး အကယ်ဒမီ ရန်အောင်ရဲ့အမြင်ကတော့ ဒါတွေဟာ ရုပ်ရှင်ရုံနည်းပါးရခြင်းရဲ့ အကျိုးဆက်တွေဖြစ်တာ ကြောင့်ရုပ်ရှင်ရုံ တွေ ထပ်မံပေါ်ပေါက်လာတာနဲ့အမျှအခုဖြစ်နေတဲ့ ရုံတင်စောင့်ဆိုင်းနေရမှု ပြဿနာတွေဟာလည်း မှေးမှိန်ပျောက်ကွယ်သွား လိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုပါတယ်။

“အခုဟာက ရုံကလည်းနည်းတယ်။ ရတဲ့ရုံလေးကိုပဲ ဖြစ်အောင်ပြရတယ်ဆိုတဲ့အခြေ အနေမှာ အကုန်လုံးက ကျစ်ရင်းကျစ်ရင်းနဲ့ ဇာတ်ကားတွေကလည်း ကွာလတီနည်းတဲ့ ဇာတ်ကားတွေ ဖြစ်လာတာရှိတယ်။ အဲ့ဒီတော့ အခုလိုမျိုး ရုံမတင်ရသေးတဲ့ ဇာတ်ကားတွေ ရာချီပြီး ဖြစ်လာတာ တွေအပေါ်ကို အမြန်ဆုံးအကောင်အထည်ဖော်ပြုပြင်မယ်လို့ မျှော်လင့်ပါတယ်။ အမှန်ကတော့ ဇာတ်ကားတွေရာချီပြီး ရိုက်ကူးထုတ်လုပ်လာနိုင်တယ်ဆိုတာ တိုးတက်လာတာဖြစ်တယ်။ အမှန်တော့ဗျာ ရုံတင်တဲ့မူ တွေက အမျိုးမျိုး ပြောင်းခဲ့လို့ အခုလိုJunk တွေ ဖြစ်ကုန်တာ။ တချို့ဆို ပိုက်ဘော မိတယ် လို့ပြောရမယ်။ ဇာတ်ကားတွေ အများကြီး ရိုက်ပြီးတော့ သိန်းသောင်းချီရင်းနှီး ရိုက်ကူးပြီးတော့မှ ပြသခွင့်ရဖို့ စောင့် နေကြရတဲ့ လူတွေလည်းရှိတယ်။ ကျွန်တော်တို့ သရုပ်ဆောင် တွေအနေနဲ့ကတော့ပရိုဂျူဆာတွေအခုလိုမျိုးထုတ် ရိုက်ကူးနေကြတာကိုပဲ ကျေးဇူးတင်နေပါတယ်။ သူတို့တွေ ရိုက်ကူးမှပဲ ကျွန်တော် တို့လည်း အလုပ်ရမယ်။ ကျွန်တော်တို့ တတ်ကျွမ်းထားတဲ့ အနုပညာတွေကိုလည်း ဖော်ပြခွင့်ရမယ်။

နောက်မျိုးဆက် သစ်တွေအတွက်လည်း လှေကားထစ်တွေအများကြီးပေါ်ထွန်းလာမယ်။ မရိုက်ဘဲငုတ်တုပ် ထိုင်နေကြရင် ကျွန်တော်တို့လည်း လမ်းစတွေ ဆုံးရှုံးသွားမှာပေါ့။ အားပေးတဲ့ ပရိသတ်တွေ ရှိနေလို့လည်း ပရိုဂျူဆာတွေကလည်း ရိုက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရုံမတင် ရဘူးဖြစ်လာ တဲ့အခါမှာပြဿနာတွေက မျိုးစုံဖြစ်လာတယ်။ အဲဒီတော့ ရုပ်ရှင်ရုံကလည်းA Group နဲ့ B Groupဆိုပြီးတော့ ဖြစ်လာတယ်။ ဒါတွေသည် ရုံပေါ် မြန်မြန်ရောက်ရေး၊ ငွေမြန်မြန်ပြန်ပေါ်ရေး။ လက်ရှိ အနုပညာတွေလည့်း စိအေန ဖြစ်ရေးအတွက်ကို ရုံပေါ် မြန်မြန်တင်ကြရတာ ဖြစ်ပါတယ်။ ဒါကလည်း လတ်တလော ဖြေရှင်းနေရတဲ့ ဖြေရှင်းမှုပါ။ ကျွန်တော် တို့ ငယ်ငယ်ကဆိုရင် လွန်ရောကျွံရောမှတစ်နှစ်ပါ။ အမြန်ဆုံးက ခြောက်လဆိုရင် ရုပ်ရှင်ရုံပေါ်ရောက်ပါပြီ။ အမှန် တော့ အဲ့လိုပဲ ဖြစ်သင့်တာပါ။

ကျွန်တော်တို့ဆိုရင်လည်း လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကား အခုထိ ရုံပေါ်မရောက် သေးတာရှိပါတယ်။ ဒါတွေကို အခု မှာတော့ ဝိုင်းဝန်း ဖြေရှင်းနေကြပါပြီ။ ရုပ်ရှင်ရုံတွေ အများကြီး ပေါ်ပေါက်လာရင်တော့ ဒါတွေဟာ ပြီးသွားပါလိမ့်မယ်။ ရုံတွေ အများကြီးပေါ်မှာ ဇာတ်ကားတွေ ပြဖြစ်ပြီ ဆိုရင်သေချာ တယ်ဝင်ငွေတွေ တိုးတက်လာမယ်။ ဝင်ငွေတွေ ပွားလာမယ်။ အဲ့တစ်ပြိုင်နက် ရုပ်ရှင်လောကကြီးတိုးတက်သွားမယ်။ အခုဟာ ကမလူးသာ မလွန့်သာ အခြေအနေမှာ ရောက်နေတာ ဖြစ်တယ်။ အဲ့တော့ နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ ပေါကားတွေဆို ပြီးပြောလာကြရော။ တကယ်တော့အဲ့ဒီလိုဖြစ်လာရတဲ့အ ကြောင်း အရင်းတွေ ဟာရှိနေလို့ပါ။ ပရိသတ်တွေပြောတာ လည်းမှန်သင့်သလောက် မှန်ပေမယ့်ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်း တွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ်နောက်ပိုင်းမှာမြန်မာရုပ်ရှင်တွေဟာဆက်လက် တိုးတက်ဖွံ့ ဖြိုးလာမှာဖြစ်ပါတယ်” လို့အကယ်ဒမီရန်အောင်က သူ့ရဲ့ အမြင်ကို သုံးသပ် ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here