အလှအပအတွက် ခွဲစိတ်ပြုပြင်မှုတွေလုပ်ရ မှာ ကြောက်တဲ့ မေတိုးခိုင်

0
260

အနုပညာရှင်တစ်ယောက်အတွက် ပရိသတ်တွေနဲ့ ထိတွေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့၊ ကျန်းမာလှပတဲ့ နေထိုင်မှုပုံစံရှိနေဖို့ကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် အလှအပပိုင်းဆိုင်ရာပြုပြင် ထိန်းသိမ်းမှုများနဲ့ ပတ်သက်ပြီး တက်သစ်စသရုပ်ဆောင်မေတိုးခိုင်ရဲ့ နေ့စဉ်ထိန်းသိမ်းမှုများ အကြောင်းကို မေးမြန်းတဲ့အခါ …

“ညီမကတော့ အခုအသက်အရွယ်ကလည်း နည်းနည်းငယ်သေးတာ ဆိုတော့ အသားအရေထိန်းသိမ်းမှုကို တအားကြီးလုပ်စရာမလိုသေးဘူးပေါ့ နော်။ အသားအရေ ထိန်းသိမ်းမှုအတွက် အမြဲတမ်းSkincare သုံးပြီး ကိုယ့်ကိုယ်ကိုယ်လှအောင်ပြင်ဆင်တယ်။ မိန်းကလေးတစ်ယောက်ကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေရင် လှနေတယ်လို့ထင်တာပါပဲ။ ညီမက ပုံမှန် ဆိုရင်တော့ လှလှပပပြင်ဆင်ရတာ နည်းနည်းပြင်းမိတယ်။ ညီမကတော့ ဖရိုဖရဲပုံစံလေးပဲ အမြဲနေတတ်တယ်။ ဒါကိုလည်း ပရိသတ်တွေမြင်မှာပါ။ ကိုယ့်စိတ်ပေါ်ပဲ မူတည်တာပါပဲ။ ညီမကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နေထိုင်နိုင်စေဖို့ အဓိကလိုအပ်ချက်က ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ပါပဲ”လို့ မေတိုး ခိုင်က ပြောပြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာလည်းမျက်နှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း များကို အလှအပရေးရာအတွက် ခွဲစိတ်ပြုပြင်ကြတာကလည်း အရေအတွက် တဖြည်းဖြည်းများပြားလာပါတယ်။ ဒီလိုခွဲစိတ်ပြုပြင်မှုတွေပြုလုပ်တဲ့အခါ ခွဲစိတ်မှုနဲ့ပတ်သက်ပြီး လျှို့ဝှက်သင့်သလား မေတိုးခိုင်ကရော ခွဲစိတ်ပြုပြင်မှု တွေ လုပ်ချင်သလားဆိုတဲ့မေးခွန်းအပေါ် မေတိုးခိုင်ရဲ့အမြင်က …

” ခွဲစိတ်ပြုပြင်တာကို လျှို့ဝှက်သင့်သလားကတော့ ကိုယ့်ရဲ့ personal နဲ့လည်းဆိုင်တယ်လို့ ထင်ပါတယ်။ ကိုယ်တိုင်ကလျှို့ဝှက်ချင်တယ်ဆိုရင်တော့လျှို့ဝှက် ပေး သင့်တယ်လို့ ထင်တယ်။ ဒါပေမဲ့ Public ကိုချပြတဲ့ အနုပညာရှင် မင်းသား မင်းသမီးတွေလည်းရှိပါတယ်။

ညီမကတော့ ခွဲစိတ်ပြင်ဆင်တာမျိုးကို မလုပ်ချင်ပါဘူး။ ဘုရားပေးထားတဲ့ အတိုင်းပဲ အမေမွေးပေးတဲ့ သဘာဝ အတိုင်းကိုပဲသဘောကျပါတယ်။ ညီမကတော့ လုပ်ရမှာ နည်း နည်းကြောက်တယ်”လို့ မေတိုး ခိုင်က ပြောပြပါတယ်။

လတ်တလောမှာတော့ မေတိုးခိုင်က မဂ္ဂဇင်း၊ ကြော်ငြာများအတွက် ဓာတ်ပုံရိုက်ကူးမှုတွေ ပြု လုပ်နေသလို ဇာတ်ကား ရိုက်ကူးမှုတွေလည်း တစ တစလုပ်ဆောင်နေပြီလို့ သိရ ပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here