Melody World က ဒိတ်အောက်သလို ဖြစ်သွားပေမယ့် ချမ်းချမ်း ထွက်ပေါ်လာသော အဆိုတော်များရဲ့ အရည်အချင်းကို အာမခံနိုင်ကြောင်း ပြော

0
114

သီချင်းဆိုပြိုင်ပွဲတွေများပြားလာတာနဲ့အမျှ သူပြိုင်၊ကိုယ်ပြိုင် ပြိုင်ဆိုင်မှုတွေ၊ ပရိသတ်ရဲ့ အားပေးမှုတွေ၊ နောက်မှာပြတ်ကျန်ခဲ့တဲ့ သီချင်းဆို ပြိုင်ပွဲတွေ စသဖြင့် မြင်သမျှ၊ တွေ့သမျှ အမျိုးစုံလှတဲ့ ဂီတလောကကြီးပါပဲ။ ဒီအထဲမှာ အဆိုရှင်ကောင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ Melody World လို အဆိုရှင်ကောင်း များစွာမွေးထုတ်ပေးခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲဆို နောက်ပိုင်းမှာ ပရိသတ် စိတ်ဝင်စားမှုကျဆင်းလို့လာတာ လက်တွေ့ပါပဲ။

ဒီလိုဖြစ်သွားတာ ဘာကြောင့်လဲဆိုတဲ့အပေါ် Melody World ကနေ ထူးချွန်စွာ ထွက်ပေါ်ခဲ့တဲ့ အဆိုတော်တွေထဲကတစ်ယောက်ဖြစ်သူ ချမ်းချမ်းကိုမေးကြည့်တဲ့အခါ……

”အမှန်အတိုင်းပြောရရင် အစ်မတို့ အစီအစဉ်ထုတ်လွှင့်ရတဲ့ ချန်နယ်လည်း ပါတာပေါ့။ တကယ်ကိုကြည့်အားကောင်းတဲ့ ချန်နယ်ဖြစ်ဖို့ လည်းလိုတယ်။ ပြီးတော့ အစီအစဉ်ကို ပံ့ပိုးပေးမယ့် စပွန်ဆာလည်း အများကြီးလိုအပ်တယ်။ အစ်မတို့ မြန်မာနိုင်ငံမှာက နိုင်ငံခြားကနေ မွေးစားလာတဲ့ ပြည်ပလိုင်စင်ရတဲ့ The Voice တို့၊Myanmar Idol တို့၊Myanmar Got Talents တို့ကျတော့ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် သူကအဆိုသီးသန့်မဟုတ်ဘဲနဲ့ ပါဖောမန့်တွေရော၊ ဖက်ရှင်ပိုင်းတွေရော၊ ဟာသတွေရော သူက အစုံရော ပြွန်းပြီးတော့ Talent အပြင်အကုန်လုံးရောလာတဲ့အခါကျ တော့Melody World က ပုံမှန်သမားရိုးကျ ထက်တော့ ဒိတ်အောက်သလိုမျိုးဖြစ်သွားတာပေါ့။ ဒါပေမဲ့ အစ်မတို့ Melody World ကထွက်သမျှ အဆိုတော်တိုင်းဟာ အရည်အချင်းက အဆင့်ဆင့် အစစ်ခံရတာဖြစ်တဲ့အတွက် အနုပညာ လမ်းကြောင်းပေါ်ရောက် လို့ရှိရင် သူ့မှတ်တိုင်နဲ့ သူတွေချည်းပဲ။ ကြည့်ကြည့်လိုက်ပါ။ အစ်မက အပိုပြောတာမဟုတ်ဘူး။ အစ်မတို့ အခု အနုပညာလောကမှာ ပြိုင်ပွဲကတက်လာတဲ့ သူတွေဆိုလို့ရှိရင် ဘယ်သူလဲလို့ ကြည့်ကြည့်လိုက်၊ Melody World က ကလေးတွေချည်းပဲ။ အစ်မကတော့ အဲဒါကို ရဲရဲကြီး အာမခံတယ်။ ဘာဖြစ်လို့ လဲဆိုရင် အစ်မတို့ကို Train ပေးတဲ့ ဆရာမြင့်မိုးအောင်တို့၊ ဆရာကေအေတီတို့၊ အန်တီဂျိုက်(စ်)တို့ဆိုတာက သာမန်လူ တွေမှမဟုတ်တာ။ တကယ့် ဆရာကောင်းတွေလေ။ အဲဒီလိုဆရာကောင်းတွေနဲ့ တွေ့ခွင့်ရတဲ့ အတွက်ကြောင့် အများကြီးကံကောင်း ပါတယ်” လို့ ချမ်းချမ်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here