ပရိသတ် စိတ်ဝင်စားမှုခံရတဲ့ ‘စိန်ယောက်မ’ ရုပ်ရှင်အကြောင်း ခိုင်သင်းကြည် ဘာပြောလဲ

0
680

သရုပ်ဆောင်ခိုင်သင်းကြည်ကတော့ မကြာမီမှာရုံတင်ပြသတော့မယ့် ‘မတစ်ထောင်တစ်ကောင်ဘွား’ ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ အောင်ရဲလင်း၊ ထွန်းလွင်အောင်၊ သင်ဇာဝင့်ကျော်စတဲ့ သရုပ်ဆောင်များနဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူမရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ခုလို ပြောပြခဲ့ပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားမှာ မခိုင်လေးပါဝင်ရတဲ့အခန်းကဏ္ဍနဲ့စာရင် အောင်ရဲလင်းတို့၊ ကိုနိုင်ကြီး (ကျော်ရဲ အောင်)တို့က ဇာတ်လမ်းအရသရုပ်ဆောင်ပိုင်းလုပ်ခွင့်ရတာများပါတယ်။ မခိုင်လေးကတော့ ဒီဇာတ်ကားမှာ ဘာပဲပြောပြော အခန်းလည်းနည်းပါတယ်။ ကိုယ်ပါဝင်တဲ့အခန်းလောက်ပဲ အားဖြည့်ပေးတဲ့သဘောပါ။ နောက်ပြီး ဒီရုပ်ရှင်ဇာတ်ကားကတော့ ဝတ္ထုဇာတ်လမ်းကလည်းအရမ်းကောင်းတယ်။ ဇာတ်ကားအနေနဲ့ကလည်း အလွန် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားဖြစ်လို့ မခိုင်လေးပါဝင်ဖြစ်တာပါ။ ဒီရုပ်ရှင်ဇာတ်ကားက မခိုင်လေး အမြင်နဲ့ပြောရမယ်ဆိုရင် ခေတ်လူငယ်တွေဆိုလိုရှိရင်လည်း ဆရာကြီးမင်းသိင်္ခရဲ့ဝတ္ထုကို မမီလိုက်ဘူး ဆိုရင် သူတို့အတွက် ဒီဇာတ်ကားလေးက အသစ်အဆန်းဖြစ်မယ်။ မခိုင်လေးတို့လိုအရွယ်တွေ ဝတ္ထုကိုမီလိုက်တဲ့ လူတွေဆိုလိုရှိရင်လည်း ရုံမတင်တာကြာပြီဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တယ်။ ပရိသတ်အရွယ်စုံမျှကြိုက်မယ်။ ရိုက်ကူးထားတာလေးတွေလည်း မခိုင်လေးကြည့်ရသလောက် စိတ် ဝင်စားဖို့လည်းကောင်းတယ်။ စိတ်ဝင်စားတဲ့လူတွေလည်း ဒီဇာတ်ကားကို လာကြည့်ရှုအားပေးစေ ချင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။ ဟာသဇာတ်ရုပ်တွေကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်အချစ်တွေရရှိထားတဲ့ သူမကတော့ လက်ရှိမှာ ပရိသတ်စိတ်ဝင်စားမှုခံနေရတဲ့ ‘စိန်ယောက် မ’ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိန်ယောက်မရုပ်ရှင်ဇာတ်ကားနဲ့ပတ် သက်ပြီးလည်း ဆက်လက်မေးမြန်း ခဲ့ရာ . . .

“စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကတော့Trailer နဲ့တောင်တော်တော်ရယ်ရတယ်။ ရုံမှာ အစ အဆုံးလာရောက်ကြည့်ရင်တော့တော်တော်ရယ်ရမှာပါ။ ရိုက်ကူးတုန်းကလည်း တော်တော်ပျော်စရာ ကောင်းပါတယ်။ အမှတ်တရတွေလည်းဖြစ်တယ်။ အတူရိုက်ကူးတဲ့သူကလည်း ကိုယ်အလွန်ချစ်တဲ့၊ ကိုယ်အားကျရတဲသူတွေ မမို့ (မို့မို့မြင့်အောင်)၊ အကြီးစိုး (စိုးမြတ်သူဇာ)တို့ ပါဝင်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက်လည်း အလွန်ပျော်တယ်။ တီတီ(ပြေတီဦး)ဆိုတာကလည်း သဘောကောင်းတဲ့ မင်းသားလေ။ ရိုက်ကွင်းမှာဆိုလည်း အတူစားကြတယ်၊ ပြောကြတယ်။ အလွန်လည်း ပျော်စရာ ကောင်းခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရိုက်ကူးရတာလည်းအရမ်းလွပ်လပ်မှုရှိပါတယ်။ ခုဇာတ် ကားလေးကိုလည်း ပရိသတ်တွေ စိတ်ဝင်စားကြတယ်ဆိုတော့ ဝမ်းသာပါတယ်”လို့လည်း ပြောပြခဲ့ပါတယ်။ သူမအနေနဲ့ လက်ရှိမှာတော့ ဟာသရုပ်တွေအများဆုံးရိုက်ကူးဖြစ်နေပြီး လတ်တလောမှာ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ ‘အချစ်ကားစီးဖူးသလား’ ဟာသရုပ်ရှင်ဇာတ်ကားမှာ လွင်မိုး၊ အောင်ရဲလင်း၊ ရွှေမှုံန်ရတီစတဲ့ သရုပ်ဆောင်များနဲ့ အတူ ပါဝင်သရုပ်ဆောင်နေကြောင်းလည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here