တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရက်ရွှေ့ဆိုင်းလိုက်တဲ့ အဆိုတော် ဟဲလေး

0
252

အဆိုတော် ဟဲလေးရဲ့ မေလ ထဲမှာပြုလုပ်ဖို့ ရည် ရွယ်ခဲ့တဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲကတော့ အောက်တို ဘာလထဲကို ရွှေ့ဆိုင်းလိုက်ပြီဖြစ် ပါတယ်။ ဖျော်ဖြေပွဲရေးတွေ၊ တစ်ကိုယ် တော်အခွေအတွက် သီချင်းပိုင်းပြင်ဆင်မှုတွေ ဘက်ကို အချိန်အပြည့်ပေးနေရတာကြောင့် တခြားလှုပ် ရှားမှုတွေကို မပြုလုပ်နိုင်သေးဘူးလို့ ဟဲလေးက ဆိုပါတယ်။

‘ကျွန်တော်က One Man Show ကိုအစကတော့ အခု ၅ လပိုင်းမှာ လုပ်မလို့ပါပဲ။ အခုတော့ အချိန်ရွေ့လိုက်ပါပြီ။ ၁ဝ လပိုင်း၊ ၁၁ လပိုင်း ဝန်းကျင်မှပဲ လုပ်ဖြစ်တော့မယ်။ ဘာကြောင့် ရွေ့လိုက်ရသလဲဆိုတော့ ကျွန်တော်တို့ ဟောင်ကောင်၊ မက္ကာအို ဖျော်ဖြေရေးခရီးစဉ်သွားလိုက်တာရယ်။ နောက် တစ်လခွဲလောက်နေရင် ကျွန်တော့်ရဲ့တစ်ကိုယ်တော်အခွေထွက်တော့မှာရယ်ကြောင့် ရွေ့လိုက်တာပါ။ အခွေထွက်ပြီးရင် လည်း မိုးတွင်းဖြစ်သွားပြီလေ။ ဒါကြောင့် မိုးကုန်တဲ့အချိန်လောက်မှာပဲ ရှိုးပွဲလေး လုပ်ဖြစ်ပါတော့မယ်”လို့ ဟဲလေးက ဖျော်ဖြေပွဲရက်ရွေ့ဆိုင်းလိုက်ခြင်းအကြောင်းကို ပြောပြပါတယ်။ ဟဲလေးရဲ့ မှည့်သီချင်းကတော့ တေးသီချင်းရော၊MTV နဲ့ပါ လူငယ်ပရိသတ်တွေအကြားအကြိုက်တွေ့စရာဖြစ်ခဲ့ပါတယ်။

မှည့်ရဲ့ အောင်မြင်မှုအတွက်လည်း ဝမ်းသာခဲ့ရတဲ့ ဟဲလေးက သီချင်းကို ဘယ်လိုဖန်တီးခဲ့သလဲဆိုတာက …

“မှည့် သီချင်းလေးကလည်း ပေါက်သွားတယ်။ တကယ်ကတော့ ဒီမှည့်ဆိုတဲ့စကားလုံးက ကိုယ် ပုံမှန်သုံးနေကျ စကားလုံးတစ်ခုပါ။ ဒီစကားကိုပြောရရင် အာတွေ့တယ် ပေါ့။ ဒီစကားလုံးကိုပဲ သီချင်းလေးဖန်တီးပေးပါလားလို့ပြောကြတော့ ကျွန်တော် ကိုယ်တိုင်လည်း တာဝန်ကြီးတယ်လို့ ခံစားလာရတယ်။ ဒီလို စကားလုံးနဲ့ သီချင်းပေါက်ဖို့ဆိုတာလည်း မလွယ်ဘူးလေ။ နောက်ပြီး မှည့်MTVကလည်း လူငယ်ကြိုက်ပုံစံ လေး။ ကျွန်တော်ထည့်သွင်းချင်တှဲ့Street Danceပုံစံလေးနဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ မှာသွားနေကျ လာနေကျ တအားလှပတဲ့နေရာတွေကိုထည့်သွင်းပြီး ရိုက်ကူးလိုက်တယ်။ အဲဒီမှာမှ မော်ဒယ်ရွှေအိမ်စည်နဲ့ ယှဉ်တွဲရိုက်ကူးပြလိုက်တော့ ပိုပြီးကောင်းသွားတာပေါ့။ သီချင်း ခေါင်းစဉ်မှည့်ဆိုတဲ့အတိုင်းပဲ ရိုးရိုးလေးမဟုတ်ဘဲ ရွှေအိမ်စည်လို အိုက်တင်မျိုး ကို အဝတ်အစားပုံစံတွေ ဆင်ယင်သရုပ်ဖော်ပြလိုက်တော့ လုံးဝမှည့်ထွက်သွားတာပေါ့”လို့ ဟဲလေးက ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here