ချစ်သူနဲ့လမ်းခွဲလိုက်ရတဲ့အကြောင်းက ဘာဖြစ်မလဲ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)

0
203

 

လတ်တလောမှာတော့ ဆိုရှယ်မီဒီယာ အပေါ်မှာ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း)ဟာချစ်သူ သက်တမ်း ၂နှစ်အကျော်မှာ သူ့ရဲ့အချစ်ရေး ကတော့ Single life ပြန်ဖြစ်သွားပါတယ်။ ချစ်သူ နဲ့ချစ်ခန်းရပ်ပြတ်သွားရတဲ့အကြောင်းအရင်း ကို မိတ်ကပ်ညီညီမောင်(စမ်းချောင်း)က…

”သူနဲ့ ပြတ်သွားတာကတော့ ၄ လကျော်ပါပြီ။ ဒါပေမဲ့ ဘယ်သူကမှ သူနဲ့ပြတ်သွားတာ မသိ သေးဘူး။ အခုမှ သုသုကအတိအလင်း ကြေ ညာလိုက်တာပါ။ ဖြစ်တာကတော့ ၂ လပိုင်း လဆန်းကတည်းက ဖြစ်တာပါ။ သုသုဘယ် သူမှကို မကြေညာဘဲ သူ့ကို ပြန်ခေါ်တယ်။ ဒါပေမဲ့ သူက အဆင်မပြေတော့တဲ့အတွက် နှစ်ယောက်သားလမ်းခွဲဖြစ်တာပါ။ ဖြစ်တာ ကလည်း ထုံးစံအတိုင်း စကားများရန်ဖြစ်ကြ ရာကနေဖြစ်တာပါ။ ဒါပေမဲ့ သူငယ်ချင်းတွေ သွေးထိုးတာကြောင့်လည်းပါမှာပေါ့။ အရွယ်ငယ်သေးတာကိုးဒီလိုပါပဲ။ သုသုစိတ်မကောင်းတော့ဖြစ်တာပေါ့။ ဒါပေ မဲ့လည်း သုကို မချစ်လို့ထားသွားတဲ့သူကိုတော့ သုမစဉ်းစားချင်တော့ဘူး။ သူပြောတာတော့တွေ့ပါတယ်။ အွန် လိုင်းမှာ သုအတွက် စိုးရိမ်တယ်ဆိုလားပဲ။ ဒါပေမဲ့ သူက သုကိုစိတ်ပူတာ လုံးဝမဖြစ်နိုင်ပါဘူး။ ကိုယ့်ကို တကယ်ချစ်တဲ့ သူတစ်ယောက်က ကိုယ့်ချစ်သူမှာ နှလုံးရောဂါလည်းရှိနေတာကို အပြင်မှာ သုံး၊ လေးလ ပစ် ထားကတည်းက ဒါအကုန်လုံးသိနေကြပါပြီ။ သု့ကို ဂရုစိုက်လား၊ မစိုက်လား ပြောစရာတောင်မလိုပါဘူး”လို့ ပြောပါတယ်။

သုဘက်က လက်တွဲဖြုတ်သွားပေမယ့် သူက ပြန်လာပြီး ဆက်သွယ်မယ်ဆိုရင်တော့ ပြန်ပြီးလက်တွဲဖြစ် မလားလို့မေးကြည့်တဲ့အခါမှာတော့ ညီညီမောင်(စမ်းချောင်း)က…

”ဒီအချိန်မှာတော့ ဘာမှမစဉ်းစားချင်သေးဘူး။ အခုအချိန်မှာ သု့ကိုချစ်ပေးတဲ့ သူငယ်ချင်းတွေရှိတယ်။ သု့ အတွက် စားဝတ်၊ နေရေးကလည်း ပူစရာမလိုတဲ့ အတွက် အကုန်လုံးအေးဆေးပဲ။ သူငယ်ချင်းတွေနဲ့လျှောက်သွားမယ်။ ကိုယ်လုပ်ချင်ရာလုပ်မယ်။ စိတ်အပန်း ဖြေဖို့အတွက်ပဲလုပ်မယ်။ သု့ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်မယ်။ သု့လုပ်ရမယ့် အလုပ်တွေအတွက်ပဲ ကြိုးစား သွားမယ်။ ဒီအချိန်မှာတော့ သူ့ကို အာရုံထဲမှာမရှိဘူး။ ပျော်အောင်ပဲနေချင်တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here