အသက် ၃၄ နှစ် ပြည့် မွေးနေ့မှာ တစ်ယောက်သောသူရဲ့ မွေးနေ့လက်ဆောင်က Surprise ဖြစ်ခဲ့ရတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း

0
262

မေလ ၂၇ ရက်နေ့မှာကျရောက်တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့ပွဲကို စိန့်မေရီဘုရားကျောင်းမှာ မသန်စွမ်းကလေးကလေးငယ် များ၊ အနုပညာမောင်နှမများ၊ ပရိသတ်များနဲ့အတူ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့အစီအစဉ်များနဲ့ မွေးနေ့ ခံစားမှုကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

”ပေါက်စီဒီနှစ်မွေးနေ့ကတော့ မွေးနေ့မွေးရက်လည်း တိုက်တယ်။ အသက်ကတော့ ၃၄ နှစ်ပြည့်တာပါ။ နှစ်တိုင်းကတော့ ဘုန်းကြီးကျောင်းမှာလှူနေကျဆိုတော့ ဒီနှစ်ကတော့ထူးထူးဆန်းဆန်းလေးဖြစ်အောင် ဘုရား ကျောင်းကို ရွေးချယ်ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်လှူချင်တဲ့ မသန်စွမ်းကလေးတွေ မိဘမဲ့ကလေးတွေကို ဒီနေရာကိုပဲ ဖိတ်ကြားလိုက်တာပေါ့။ ကျိုင်းဝိုင်း မသန်စွမ်းကလေးတွေ ရယ်၊ ကျိုင်းဝိုင်းမိဘမဲ့အလေးတွေ၊ ပြီးတော့ စွံ့အနား မကြား ကလေးတွေ လှူဖြစ်ပါတယ်။ အလွန်ပဲ ပီတိ ဖြစ်ပါတယ်။ သူတို့ကို ကြည့်ပြီးတော့ ဝမ်းသာသလို ငိုချင် သလိုဖြစ်ရပါတယ်။ အဓိကပေါက်စီက ကလေးတွေကို ပျော်စေချင်တယ်။ သူတို့ရဲ့ ပြုံးတာလေးတွေ ပျော်တာ လေးတွေကို လိုချင်တယ်။ အဲဒါကြောင့် ဒီမွေးနေ့လေး ကိုစီစဉ်ဖြစ်တာပါ” လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

ဒီနှစ်မွေးနေ့မှာ သူမရဲ့ တစ်ယောက် သော သူက ပေးတဲ့ မွေးနေ့လက်ဆောင်က Surprise ဖြစ်ခဲ့ရတယ်လို့ ပြောလာတဲ့ သရုပ်တောင် အေးဝတ်ရည်သောင်းက …

”ပေါက်စီ ဒီနှစ်မွေးနေ့မှာ Surprise တွေ အများကြီး ရခဲ့ပါတယ်။ Billboard ထောင်ပြီး Surprise လုပ်ပေး တဲ့သူတွေကို လည်း ကျေးဇူးတင်ပါတယ်။ ဘုရားကျောင်း သွားသွားချင်းပေါ့နော်။သုဝဏ္ဏကွင်းဘက်က ဝင်ကြည့်ပါ ဆိုပြီး Massage လေးဝင်လာလို့ ဝင်ကြည့်လိုက်တော့ Billboard ထောင်ထားတာတွေတော့ အလွန်အံသြပြီး တော့ အကြာကြီးငေးကြည့်နေမိတယ်။ တအားလည်း ဝမ်းသာပါတယ်။ တစ်ယောက်သောသူကတော့ အစော ကြီးကတည်းက မွေးနေ့လက်ဆောင် ကြိုပေးပါတယ်။ Surprise သိပ်ဖြစ်ပါတယ်။ သူများနဲ့ လုံးဝမတူတဲ့ဟာပေါ့ (ရယ်လျက်)” လို့လည်း သရုပ်ဆောင် အေးဝတ်ရည်သောင်း က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here