အငယ်ဆုံးမြေးမလေးကို သည်းသည်းလှုပ် အချစ်ပိုနေတဲ့ နွဲ့ယဉ်ဝင်း

0
231

မိဘတွေဆိုတာ မိမိသားသမီးတွေကို ချစ်မြတ်နိုးကြတယ်။ အထူးသဖြင့် မိခင်တွေ ဆို ပိုသိသာထင်ရှားလှတာပေါ့။ မိမိတို့ကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးဖွားထားရတာကိုး။ အဲဒီလိုပဲ မိမိသားသမီးကနေ မွေးဖွားလာတဲ့ ရင်သွေးလေးတွေ၊ တစ်နည်းအားဖြင့် ပြောရရင် မြေးလေးတွေဆိုရင် အဘိုးအဘွားတွေက သိပ်ချစ်ကြရှာတယ်။ အနုပညာ လောကထဲမှာ ဒေါ်နွဲ့ယဉ်ဝင်းဆိုရင် မြေးလေးတွေများစွာရှိတဲ့ အဘွားတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ လောလောလတ်လတ် နောက်ဆုံး မြေးလေးတစ်ယောက်ကတော့ အဆိုတော်အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးဦးလေးပဲဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ၅ လသာ ရှိသေးတဲ့ မြေးမလေးနဲ့ ပတ်သက်ပြီး ဒေါ်နွဲ့ယဉ်ဝင်းက…

”နောက်ဆုံးမြေးလေးပေါ့ကွယ်။ အမလေး…မြေးက ၄ယောက်ရှိတယ်။ သဲသဲလှုပ်ပဲ” လို့ အားပါးတရပြောပြပါတယ်။ မြေးမလေး နာမည်ကိုတော့ Kalar Maria Win လို့နာမည်ပေးထားပြီး မြန်မာနာမည်လေးကတော့ ကေသရီအနဂ္ဂလို့ အမည်တွင်ကြောင်းလည်း သူမက ပြောပြပါတယ်။ ဘွားအေကြီးဆိုတော့လည်း သူ့မြေးမလေးအပေါ် အူလှိုက်သည်းလှိုက် ချစ်ရှာတာပေါ့လေ။ သူ့ရဲ့ ချစ်သမီးကနေ မွေးဖွားထားတဲ့ မြေး အငယ်ဆုံးလေးဆိုတော့ မြေးမလေးအကြောင်းပြောပြတာ မမောနိုင်၊ မပန်းနိုင်ပါပဲ။

”တအားလည်း ချစ်ဖို့ကောင်းတယ်။ လူကိုယ်လုံးပေါက်ကြီး သလောက် ဦးနှောက်ကလည်း ကြီးပါတယ်။ အခုမှ သူကထိုင်တောင် မထိုင်သေးပါဘူး။ မှောက်လိုက်၊ လှန်လိုက်နဲ့ပေါ့လေ။ သို့သော်လည်း တအား နားလည်တယ်။ အန်တီကဆို သူ့ကိုတွေ့လို့ရှိရင် ဘူးဆိုလုပ်ရင် သူအန်တီ့မြင် တာနဲ့ ဘူးဆိုပြန်လုပ်ပြီ။ တစ်ယောက်က ဘယ်လိုပြောတယ်ဆို သူကမှတ်ထား တယ်တော့။ ဒီသေးသေးလေးကလည်း မှတ်ဥာဏ်ကောင်းတယ်လေ။ မြေးထဲ မှာ အငယ်ဆုံး။ သူကတော့ နောက်ဆုံးပိတ်အိတ်နဲ့ လွယ်မယ်ထင်တယ် ” လို့ ဒေါ်နွဲ့ယဉ်ဝင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here