တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့ သားသမီးများ

0
208

တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ အောင်စာရင်းရလဒ်ကတော့ ဇွန်လ ၂ ရက်နေ့က မြန်မာပြည်တစ်ပြည် လုံးမှာ ထွက်ရှိခဲ့ပြီဖြစ် ပါတယ်။ တက္က သိုလ်ဝင်တန်းစာမေးပွဲဟာ လူငယ်တစ်ယောက် အတွက် ပညာရေးကဏ္ဍနောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ လှေကား ထစ်ဖြစ်တာမို့ ဒီရလဒ်က သိပ်ကိုအရေးကြီးပါတယ်။ ဒါကြောင့် လည်း မိဘတွေအနေနဲ့လည်း သူတို့ရဲ့ကလေးတွေကို စာမေးပွဲ အောင်မြင်စေဖို့ အမြဲတစေ တိုက်တွန်းနေကြတာပဲ ဖြစ်ပါတယ်။

အခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာတော့ အနုပညာရှင် တွေရဲ့ သားသမီးတွေလည်း ထူး ချွန်စွာ အောင်မြင်ခဲ့ကြပါတယ်။ဟာသသရုပ်ဆောင်အရိုင်းရဲ့သမီး ပန်းနုပျိုမေက ဂုဏ်ထူး ၁ ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ ပန်းနုပျိုမေက အရင်နှစ်က အကယ်ဒမီထူးချွန်ဆု ပေးအပ်ပွဲမှာ ရွှေကြိုအဖြစ် ဆောင်ရွက်ခဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ မကြာခင်မှာလည်း ရုရှားနိုင်ငံ ကို လေ့လာရေးအနေနဲ့ သွားရောက်ရမယ့်သူပါ။

”အခုလောလောဆယ်ကတော့ ညီမအနေနဲ့ အနုပညာဘက် လုပ်ရမလား၊ ပညာရေးလုပ်ရမလားဆိုတာ သေချာစဉ်းစားနေတုန်း ပါပဲ။ ဒါပေမဲ့ ဘွဲ့လေးတစ်ခုရပြီးသွားရင်တော့ ညီမဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ညီမ ကတော့ ပညာသင်ရမယ့်အရွယ်မှာ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူပြီးတော့မှပဲ အနု ပညာကိုလည်း အခြေခံကနေစပြီးတော့ အကုန်လုံးသင်ယူလေ့လာပြီးတော့မှ လုပ်ချင်ပါတယ်” လို့ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ပန်းနုပျိုမေက ပြောပါတယ်။

ဒါ့အပြင်ဟာသသရုပ်ဆောင် ငှက်ပျော်ကြော်ရဲ့သားဖြစ်သူကောင်း စစ်ဟိန်း ကလည်း အခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်ချင်း ပေါက်ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။ သားအတွက်ပီတိဖြစ်ရတဲ့ ဖခင်ဖြစ်သူ ငှက်ပျော်ကြော်ကလည်း…

”သူ့ဘဝ အချိုးအကွေ့တစ်ခု ပါပဲ။ စစ်သူကြီး စကားနဲ့ပြောရမယ်ဆိုရင်တော့ တောင်ကုန်းတစ်ခု သိမ်းပိုက်လိုက် နိုင်တာပေါ့လေ။ နောက်တောင်ကုန်းတွေကိုဆက်ပြီး သိမ်းပိုက်ရဦး မှာပေါ့”လို့ ပြောပါတယ်။

သဘင်ပိုင်း မှာဆိုရင်လည်း ဇာတ်သဘင်လောကရဲ့ သဘင့်ဥသျှောင် ဂရိတ်ဦးဘိုးစိန်ရဲ့ မျိုး ဆက်။ ပတ္တမြားကေခိုင်ရဲ့ သားဖြစ်တဲ့ ထွန်းဝီရကလည်း အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ နှစ်ချင်းပေါက်ထူးချွန်စွာ အောင်မြင် ခဲ့ပါတယ်။ ထွန်းဝီရဟာ အနုပညာမျိုး ရိုးကြီးသူပီပီ အနုပညာကို လည်း ဝါသနာပါသူတစ်ဦးလည်း ဖြစ်တဲ့အပြင် ပညာရေးပိုင်းကို လည်း ထူးချွန်တယ်ဆိုတာ ပြသလိုက်ပြီ ဖြစ်ပါတယ်။ သူက ဇူလိုင် လထဲမှာပဲ ရုရှားနိုင်ငံကို လေ့လာရေးခရီး သွားရောက်ရဦးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာရှင်တွေရဲ့ သားသမီးတွေ ကလည်း မိဘတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာရလဒ်တွေကို ဆောင်ကြဉ်း ပေးနိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here