မွေးနေ့အလှူအဖြစ် ဇနီးမောင်နှံ နှစ်ယောက်စလုံး သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့အဆိုတော် နန်းမြတ်ဖြိုးသင်းနဲ့ ခင်ပွန်းကိုတာတာမျိုး

0
240

အဆိုတော် နန်းမြတ်ဖြိုးသင်းဟာ ဇွန်လ ၂ ရက်နေ့က မှော်ဘီ အောင်ဇမ္ဗူတောရကျောင်းမှာ မွေးနေ့ အလှူအဖြစ် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းပြီး ဘုရားဖူးလာသူများကို စတုဒီသာများ ကျွေးမွေး လှူဒါန်းခဲ့ကာ မွေးနေ့အမှတ်တရအဖြစ် ကိုယ်တိုင်သီလရှင်ဝတ် ကုသိုလ်ပြုခဲ့သလို ခင်ပွန်းဖြစ်သူ ကိုတာတာ မျိုးကလည်း ဒုလ္လဘရဟန်းဝတ်ပြီး သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ပါတယ်။ အခုလို မွေးနေ့ အလှူအဖြစ် သီလရှင်ဝတ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး နန်းမြတ်ဖြိုးသင်းက…

”မွေးနေ့မှာ ဒီလိုမျိုးသာသနာပြုခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်။ နန်းမြတ် အရင်ငါးတန်းကျောင်းသူ ဘဝတုန်းက သီလရှင်တစ်ခါဝတ်ဖူးတယ်။ ဖေဖေတို့ မေမေ တို့ ဝတ်ခိုင်းတဲ့အတွက် ဝတ်ဖြစ်ခဲ့တယ်။ အခု ဒုတိယအကြိမ်ပေါ့နော်။ နန်းမြတ်ရဲ့ မွေးနေ့အလှူအနေနဲ့ ဝတ်ခဲ့တယ်။ ဒီနေ့မနက်ခင်းပိုင်းမှာ စတုဒီသာ ကျွေးတယ်။ ဘုန်းကြီးဆွမ်းကပ်တယ်။ ပြီးတော့ သီလရှင်ဝတ်ခဲ့တယ်။ နန်းမြတ်နဲ့အတူ နန်းမြတ်ရဲ့ သူငယ်ချင်း နန်းသူဇာကလည်း အတူတူသီလရှင်ဝတ်ပေးတယ်။ အဲဒီအတွက် သူ့ကိုလည်း ကျေးဇူးတင်တယ်။ ပြီးတော့နန်းမြတ်ရဲ့ ခင်ပွန်းဖြစ်သူကလည်း နန်းမြတ်နဲ့အတူ ဘုန်းကြီးဝတ်မှာဆိုတော့ ပိုပြီးလည်း ကျေနပ်မိ ပါတယ်။ နန်းမြတ်တို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ဒီလိုမျိုးလေး သီလရှင်ဝတ်ရတာဟာ ဂုဏ်ယူဖို့ ကောင်းတဲ့ အရာတစ်ခုပါ။ နန်းမြတ်သီလရှင် ၃ ရက် ဝတ်မယ်။ ပြီးရင်တော့ အနုပညာအလုပ်တွေပြန်လုပ်ရမှာ ဆိုတဲ့အတွက် ဆံပင်တုတွေရှာနေရပါတယ် (ရယ်လျက်) ” လို့ ပြောပါတယ်။

ဇနီးသည်နဲ့အတူ သာသနာ့ ဘောင်ထဲ ဝင်ရောက်ဖြစ်ပုံနဲ့ ပတ်သက်ပြီး နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းကိုတာတာမျိုးကလည်း…

”သူရဲ့မွေးနေ့ မှာ ဒီလိုမျိုးလေး ပါရမီဖြည့်ပေးရတဲ့အတွက် ဝမ်းသာမိတယ်။ ကျွန်တော်လည်း ဘုန်းကြီးဝတ်မယ်လို့ စဉ်းစားထားတာကြာပါပြီ။ ဒါပေမဲ့ မဝတ်ဖြစ်သေးတာနဲ့ အခုကျမှ သူနဲ့အတူတူ သူ့ရဲ့ မွေးနေ့မှာ သီလရှင် ဝတ်ဖြစ်တဲ့အတွက် ပျော်တယ်”လို့ ကိုတာတာမျိုးက ပြောပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here