ရည်စားသက်တမ်းရှည်ကြာနေပေမယ့် လက်ထပ်ဖို့ စိတ်ကူးမရှိသေးတဲ့ Oh Nara

0
142

အသက် ၄၅ အရွယ်ရှိနေပြီဖြစ်တဲ့ မင်းသမီးOh Naraဟာ tvNရဲ့ ဇာတ်လမ်းတွဲ“My Mister” မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အခုလည်း ဇွန်လထုတ် “Woman Sense”မဂ္ဂဇင်းမှာ ကာဗာရိုက်ကူးပေးခဲ့ပါတယ်။

အင်တာဗျူးမှာလည်း မင်းသမီးက သူမရဲ့အချစ်ရေးအကြောင်းကို အနည်းငယ် ပြောပြခဲ့ပါတယ်။ ရည်းစားသက်တမ်းက နှစ် ၂ဝ ကျော်ရှိနေ ပြီဖြစ်ပြီး သူမတို့ နှစ်ဆယ်ကျော်ကတည်းက ဆုံတွေ့ခဲ့ကြတာပါ။ ယခုလက်ထပ်ဖို့ ဆုံးဖြတ်ချက်ချရင် လည်း ချက်ချင်းလက်ထပ်လို့ရပေမယ့် သူမကတော့ လက်ထပ်ဖို့ စိတ်ကူးမရှိသေးပါ
ဘူး။ လက်ထပ်တာက ကျွန်မတို့ရဲ့ အချစ်ရေးအတွက် သိပ်အရေးမပါပါဘူး။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပြီး ပျော်ပျော်ရွှင်ရွင်နေသွားဖို့က
ပိုအရေးပါတယ်” လို့ ပြောပြသွားပါတယ်။

“My Mister” ဇာတ်လမ်းတွဲမှာ မင်းသမီးက စားသောက်ဆိုင်အသေး လေးဖွင့်ထားပြီး စားဝတ်နေရေးအတွက် ကြိုးစားနေရတဲ့ ဆိုင် ပိုင်ရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here