ဖခင်ဖြစ်သူ သရုပ်ဆောင် အရိုင်း နဲ့အတူတူဇာတ်ကားတွေရိုက်ကူးချင်တဲ့ ပန်းနုပျိုမေ

0
253

ဟာသသရုပ်ဆောင် ဦးအရိုင်းရဲ့ သမီးဖြစ်သူ ပန်းနုပျိုမေက ငယ်စဉ်ကာလကတည်းက ကျောင်းပွဲတွေ မှာလည်း အနုပညာနဲ့ပတ်သက်လို့ ပါဝင်သီဆို ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ သူ့အနေနဲ့ ဖခင် ဖြစ်သူရဲ့အနုပညာ သွေးပါသူပီပီ အနုပညာကိုချစ် မြတ်နိုးစိတ်လည်း ရှိသူတစ်ဦးပါပဲ။ အခုအချိန်မှာ တော့ သူက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားပြီး ဘွဲ့ရပြီးတဲ့အချိန်မှာတော့ သူ ဝါသနာပါတဲ့ အနုပညာအလုပ်ကို လုပ်ဖြစ်သွား မယ်လို့ထင်ကြောင်း သူကပြောပါတယ်။

“အဖေကတော့သမီးဝါသနာပါတာကိုပဲ ရွေး စေချင်တယ်လို့ ပြောပါတယ်။ ကိုယ်ဘာဝါသနာပါလဲ ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သေချာစဉ်းစားပြီး လမ်း ကြောင်းတစ်ခုတည်းပေါ်ကိုပဲ သေချာလျှောက်လှမ်းစေချင် တယ်တဲ့။ ညီမကတော့အမှန်အတိုင်း ပြောရရင် ပညာ ရေးထက်အနုပညာကိုတော့ ပိုဝါသနာပါပါတယ်။ ဒါပေ မဲ့ ပညာသင်တဲ့အရွယ်မှာတော့ ပညာကို ဆုံးခန်းတိုင် အောင် သင်ပြီးတော့မှ အနုပညာကိုလည်း အခြေခံက စပြီးတော့ အကုန် လုံးကို သရုပ်ဆောင်တာပဲဖြစ်ဖြစ်၊ ကတာပဲဖြစ်ဖြစ် သင်သွားချင်တယ်။ အဲဒီလိုပညာတွေစုံတော့မှပဲ အနုပညာအလုပ်တွေ လုပ်ချင်ပါတယ်” လို့ ပန်းနုပျိုမေက ပြောပါတယ်။ ငယ်စဉ်ကတော့ ဖခင်ဖြစ်သူရဲ့ ရိုက်ကွင်းတွေကို လိုက်ဖူးခဲ့ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုရမယ့်နှစ်မှာ တော့ မလိုက်ဖြစ်တော့ဘူးလို့ သိရပါတယ်။

ဖခင်ဖြစ်သူ ဦးအရိုင်း ကလည်း သမီးဖြစ်သူကိုအနုပညာအပေါ်မှာ ထားရှိရမယ့်စိတ်ကို သင်ပြပေးထားပါတယ်။ ပန်းနုပျိုမေရဲ့IDOL ကတော့ အကယ်ဒမီ နေတိုးဖြစ်ပြီး ပြည်တွင်းပြည်ပအနုပညာရှင် တွေအားလုံးက လေ့လာသင်ယူစရာတွေ အများကြီးပါပဲ လို့ သူက ပြောပါတယ်။ ကလေးသရုပ်ဆောင်အနေနဲ့ လည်း ဒါရိုက်တာ ဦးကုသိုလ်ရိုက်ကူးတဲ့ ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ရှုတင်တိုင်းလိုက်ပါရင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ တစ်ခန်းပါ၊ နှစ်ခန်းပါလောက်တော့ သရုပ်ဆောင်ခဲ့ဖူး ကြောင်း သူကပြောပြပါတယ်။

“ဖေဖေနဲ့အတူတူတော့ သရုပ်မဆောင်ဖူးဘူး။ ဖေဖေနဲ့သရုပ်ဆောင် ကြည့်ဖို့ဆိုရင်တော့ နည်းနည်း ရှိန်တာပေါ့။ ဒါပေမဲ့လည်း သရုပ်ဆောင် ကြည့်ချင်ပါ တယ်။ ဖေဖေနဲ့ဆိုတော့ ဒါလည်းအတွေ့အကြုံတစ်မျိုး ပေါ့”လို့ဖခင်ဖြစ်သူနဲ့အတူတူ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးချင်တဲ့ သူ့ရဲ့စိတ်ကို ပြောပြ ပါတယ်။ ပန်းနုပျိုမေက ဇူလိုင်လထဲမှာလည်း ရုရှား နိုင်ငံဆီသွားရောက်လေ့လာမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here