အယူတော် မင်္ဂလာထဲက သူဌေးသမီးလေး နန်းဆုဦး

0
108

nan-su-oo-1

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “အယူတော် မင်္ဂလာ” ရုပ်ရှင် ဇာတ်ကားမှာ နန်းဆုဦးက ခေတ်လူငယ် သူဌေး သမီး တစ်ဦး အနေ နဲ့ ပါဝင် သရုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်ကားမှာတော့ ရန်အောင်၊ မြင့်မြတ်၊ ခင်လှိုင်၊ ပိုးအိအိခန့် တို့နဲ့အတူ သရုပ်ဆောင် များစွာလည်း ပါဝင်မှာ ဖြစ် တယ် လို့ သိရ ပါတယ်။

“ဒီဇာတ်ကား မှာတော့ ချမ်းသာ တဲ့ သူဌေးသမီး တစ်ဦးရဲ့ ဇာတ်ရုပ်ပါ။ အဓိက ကတော့ ဒီဇာတ်ကားက ဇာတ် လမ်းလေး ဆန်းတာ။ ကာရိုက်တာ အရ ကတော့ တအား ထူးထူးဆန်း ဆန်းကြီး မဟုတ်ပါဘူး။ ဇာတ်လမ်း ကိုပဲ အဓိက ထားတာပါ။ အပြင် အဆင်ပိုင်း ကတော့ ဒီဇာတ်ကား ရိုက်ကူးနေတဲ့ အချိန်မှာ ပရိသတ် တွေ တွေ့ရမှာပါ” လို့ နန်းဆုဦးက ပြော ပါတယ်။

နန်းဆုဦးက ဗီဒီယို ဇာတ် ကားတွေလည်း များစွာ ရိုက်ကူး ထားပြီး ဒီရက်ပိုင်း မှာတော့ သူ့ရဲ့ ဗီဒီယို ဇာတ်ကားတွေ သိပ် မထွက် ဖြစ်သေးဘူး လို့ဆိုပါတယ်။ နန်းဆုဦးက လက်ရှိ မှာတော့ “ဥပါဒါန်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ကို ရိုက်ကူးလျက် ရှိပြီး နိုဝင် ဘာလ ထဲမှာ ထွက်ရှိမယ့် Ve Ve က စီစဉ်တဲ့ အတွဲ စီးရီးမှာ သီချင်း တစ်ပုဒ် ပါဝင် သီဆိုထား ကြောင်းလည်း ပြော ပါတယ်။

“သီချင်း ဘက်ကတော့ လော လောဆယ်  Album  အနေ နဲ့ စီစဉ်ထား တာ မရှိပါဘူး။ Ve Ve Music  Album  ထဲမှာ သီချင်း တစ်ပုဒ် ဆို ထား တယ်။ အတွဲ စီးရီး ထဲမှာ တစ်ပုဒ် ဝင်ဆိုထား တာပါ။ သီချင်း ကတော့ ကိုဝေ ကြီး ရေးတာပါ။ သီချင်း အသစ် ပါပဲ” လို့ နန်းဆု ဦးက ပြောပါတယ်။

နန်းဆုဦးက လက်ရှိမှာ အောင်မြင် တဲ့ သရုပ်ဆောင် တစ်ဦး လည်းဖြစ်သလို “ရန်ကုန် မြို့ထဲ လမ်းလျှောက်ခြင်း” ဆိုတဲ့ တစ်ကိုယ် တော် စီးရီး ထွက် ရှိခဲ့တဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here