မကြာခင် ဂျပန်မှာ သီချင်းခွေဖြန့်ချိတော့မယ့် သားစိုး

0
161

ဟစ်ဟော့ပ်အဆိုတော် သားစိုးက ဂျပန်နိုင်ငံမှာသီချင်းခွေ ဖြန့်ချိဖို့စီစဉ်နေ တာကြာပါပြီ။ ဂျပန်က ပရိုဂျုဆာတစ်ယောက်က သူ့ကိုလာချိတ်ပြီး သီချင်းခွေထုတ်ဖြစ်ခြင်းဖြစ်တယ် လို့သိရပါတယ်။ ဒီသီချင်း ခွေက အခုဆိုရင်ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကာ ဓါတ်ပြားတွေ ကူးဖို့အတွက် စီစဉ်နေပြီလည်းဖြစ်ပါတယ်။ အားလုံး ပြီးစီးသွားတဲ့အချိန်မှာတော့ သားစိုးကသီချင်းခွေကိစ္စ နဲ့ပတ်သက်လို့ ဂျပန်ကိုသွားရောက်မှာလည်းဖြစ်ပါ တယ်။ သီချင်းခွေကိုတော့ ဂျပန်နိုင်ငံမှာပဲ ဖြန့်ချိ မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြန့်ချိဖို့မရှိကြောင်း သားစိုးက ပြောပါတယ်။

”အခွေကမကြာခင် ထွက်ရှိတော့မှာပါ။ မြန်မာနိုင်ငံမှာတော့ မဖြန့်ဖြစ်ပါဘူး။ ဂျပန်မှာပဲရောင်း မှာ ဖြစ်ပါတယ်။ ဒီမှာကတော့ အင်တာနက်ကနေ ဒေါင်း လုတ်လင့်ကို ရောင်းမှာဖြစ်ပါတယ်”လို့ သီချင်းခွေနဲ့ ပတ်သက်ပြီး သားစိုးက ပြောပါတယ်။

အခုဆိုရင်လည်း မြန်မာနိုင်ငံအနေနဲ့ အင်တာနက်ကနေ သီချင်းရောင်း ဝယ်မှုတွေက ခေတ်စားလာပြီဖြစ်သလို ဒေါင်း လုတ်လင့်တွေကြောင့်လည်း ဒုက္ခတွေရောက်နေကြရပါတယ်။ သားစိုးက Music နဲ့ ပတ်သက်လို့ ၂ဝဝ၂ခုနှစ်မှာ လန်ဒန်မှာ ကျောင်းသွားတတ်ခဲ့ပါတယ်။ သူလန်ဒန်မှာ ကျောင်းသွားတက် နေစဉ်ကာလကတည်းက လန်ဒန်မှာ ဒေါင်းလုတ်လင့်တွေက တအားပြဿနာ တက်နေပြီဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့ အနေနဲ့ ဒေါင်းလုတ်လင့်ပြသနာနဲ့ပတ်သက်လို့ ဂီတလောက သားတွေကို ရှင်းပြခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

”အရင်တုန်းကတည်းက ကျွန်တော်ကြိုပြောပါတယ်။ အဆို တော်တွေကိုခေါ်တယ်။ ဆက်သွယ်ရေးဝန်ကြီးနဲ့တွေ့တယ်။ လူကြီးတွေက လိုလိုလားလားနဲ့ လက်ခံတယ်။ အဆိုတော်ပေါင်း ၃၄ ယောက်ကို ဖိတ်ကြားပါတယ်။ ၇ယောက်ပဲလာတယ်။ ကျွန်တော့်အနေနဲ့က ၃၄ ယောက် ဖိတ် ခေါ်တာမှာ ၇ ယောက်ပဲလာတယ်ဆိုတော့ အချိုးချကြည့်တဲ့ အခါမှာ အဆိုတော်တွေဘက်က မလုပ်ချင်ဘူးလို့ ကျွန်တော်ယူဆမိတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ ဂီတအစည်းအရုံးကနေကို မလုပ်တော့ဘူး။ လူငယ် တွေအနေနဲ့ကတော့ လုပ်ချင်တယ်ဆိုရင် သူတို့ ဘာသာသူတို့ ခေါင်းဆောင်တင်ပြီး ဆက်လုပ်သင့် တယ်လို့ယူဆတယ်။ အခုကပိုဆိုးလာတယ်လေ။ အခုမှ ဖြန့်လိုက်တုန်းရှိသေးတယ်။ ဒေါင်းလုတ်လင့် ကတက်သွားပြီ။ ကျွန်တော်တို့ ခေတ်တုန်းကဆိုရင် ခိုးကူးဖြန့်ဖို့အတွက်က ကားနဲ့ပို့ရသေးတယ်။ အချိန်ယူရသေးတယ်ပေါ့။ အခုကမဟုတ် တော့ဘူးလေ။ အွန်လိုင်းပေါ်တင်လိုက်တာလို့ ချက်ချင်းတက်သွား ပြီလေ။ အဲဒီကတည်းကပြောခဲ့တယ်။ လုပ်ကြပါ၊လုပ်ကြပါလို့လေ။ ဒါတွေက ကျွန်တော်တို့ ညီငယ်၊ ညီမငယ်တွေကို Effect ဖြစ်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မလုပ် ကြဘူး”လို့ ဂီတလောကမှာ လက်ရှိကြုံတွေ့နေရတဲ့ ဒေါင်းလုတ်လင့်ပြဿနာနဲ့ပတ်သက် လို့ သားစိုးက ပြောပြပါတယ်။ အခုလက်ရှိမှာတော့ သားစိုးကစီးပွားရေးဘက်ကိုပဲ ဇောက် ချလုပ်ကိုင်နေသလို ရုပ်ရှင်ဇာတ်ကား တွေ ရဲ့ ဇာတ်ဝင်တေးသီချင်းတွေကို လည်း ရေးသားပေးနေလျက်ရှိ ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here