တက္ကသိုလ် ဝင်တန်း တက်ရောက်ပြီး ရည်မှန်းချက် ကြီးမားတဲ့ အဆိုတော်မလေး မေသက်ထားဆွေ

0
217

ဒဂုံ- ၁ ကျောင်းသူလေး တစ်ဦးဖြစ်တဲ့ မေ သက်ထားဆွေက အခု ၂ဝ၁၈-၂ဝ၁၉ ပညာသင် နှစ်မှာ တက္ကသိုလ်ဝင်တန်းတက်ရောက်ပြီ ဖြစ်ပါ တယ်။ အဖြူ၊ အစိမ်းကျောင်းတက်ဝတ်စုံကို ဝတ်ဆင်ရတာ အခုနှစ် ကနောက်ဆုံးနှစ်ဖြစ်တာ ကြောင့်ဇွန်လ ၁ရက်နေ့ ကျောင်းဖွင့်တာနဲ့ မေသက်ထားဆွေ ရဲ့ခြေလှမ်းတွေက တက်ကြွလို့နေ ပါတယ်။ သိပ္ပံဘာသာရပ်ကိုအဓိက ယူထားတဲ့ သူမအနေနဲ့ အဓိကရည်မှန်းထားတာကတော့ ဆေးကျောင်းတက်ဖို့ပါတဲ့။ မေသက်ထား ဆွေရဲ့ ပထမ ဆုံးကျောင်းတက်ရတဲ့ ခံစားမှုက…..

“ကျောင်းတက်ရတာ တအား ပျော်နေပါတယ်။ အခုသမီးက ဆယ်တန်း ရောက်ပြီဆိုတော့ စာကြိုး စား ရမယ်။ ဘာပဲပြောပြောဒီနေ့ကတော့ တအား ပျော်တဲ့ နေ့လေးပါ” လို့ သူမကပြောပါတယ်။ တက္ကသိုလ် ဝင်တန်းဆိုတာ ဘဝအတွက်အရေး ကြီးပါတယ်။ ရည်မှန်းချက်မြင့်မြင့်မားမားထားတဲ့သူတွေဆိုအချိန် ပြည့် ကျောင်းစာပဲ လုပ်နေရမယ်။ မေသက်ထားဆွေက တော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတဲ့ပုံပါပဲ။ “ကျောင်းစာက အရေးကြီးတာ ဆိုတော့ကြိုလုပ်ထား တာတွေရှိပါတယ်။ လက်ခံထားတဲ့ ဖျော်ဖြေ ပွဲလေး တွေရှိနေတော့ သမီး ၅လပိုင်း လောက်မှ စလုပ် ဖြစ်တယ်။ ဒါပေမဲ့ သမီး အကောင်း ဆုံးကြိုးစား သွားမှာပါ။ သမီးရဲ့ရည်မှန်းချက်က ဆရာဝန် ဖြစ်ချင်ပါတယ်။ သမီးအကောင်းဆုံး ကြိုးစားသွား မှာပါ”လို့ မေသက် ထားဆွေကပြောပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here