ကိုယ်ပိုင်Pageတည်ထောင်ပြီး ဟာသ မီနီ စီးရီးတွေ ထုတ်လွှင့်ပြသသွားမယ့် ဖြိုးငွေစိုး

0
259

သရုပ်ဆောင်ဖြိုးငွေစိုးက ကိုယ် ပိုင်Production Page တည် ထောင်ပြီး  Online ကနေ ဟာသစီး ရီးလေးတွေကို ထုတ်လွှင့်ပြသသွားဖို့ စီစဉ်နေပါတယ်။ ဒီအစီစဉ်လေးကို ဒီရက်ပိုင်း အတွင်းမှာ ပရိသတ်တွေ ရှေ့မှောက်ဆီ အရောက်ပို့တော့မှာ ဖြစ်ပြီး သူဘယ်လိုအကြောင်း အရာ တွေကို ဖန်ထီးထားလဲဆိုတာကို ဖြိုးငွေစိုးက…

“ကျွန်တော်နဲ့ ကိုကျော်ထူး နဲ့ စတာ နောက် တာလေးတွေကို သဘောကျကြတဲ့ ပရိသတ်တွေရှိတော့ အဲဒါလေးတွေကို အခြေခံပြီးလုပ် ထားတဲ့ ဟာသလေးတွေပါ။ ကျွန်တော်ဒီ ဟာသမီနီစီးရီးလေးရိုက်ကူးထားတာတွေက ပြီးပါပြီ။ ပရိုဒတ် ရှင်းပေခ်ျ့ကိုလည်း အမည်တော့ပေးထားပြီ။ ဒီအတွက်ကိုလည်း မိတ်ဆက်ပွဲလုပ်ဦးမှာပါ။ ဒီပေခ်ျ့ကနေ ဟာသအတိုအစလေးတွေ လာပါ မယ်။ အခုလောလောဆယ်တော့ ဟာသနဲ့ စမယ်။ နောက်တော့ မျိုးစုံတင်ဆက် ပြသသွားမယ်”လို့ ပြောပြပါတယ်။

အခုလတ်တလောမှာတော့ ဖြိုးငွေစိုးက ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးတဲ့ နှလုံးသား တံခါးမှာ ဝင်ချည် ထွက်ချည်လုပ်တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားမှာ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့ပါဝင် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ သူကလူလတ်ပိုင်း စီးပွားရေးလုပ်ငန်း ရှင် တစ်ယောက် အနေနဲ့ရောချစ်သူအပေါ်ကို နားလည်ခွင့်လွှတ်ပေးဆပ် ပြီး ချစ်တတ်တဲ့ ချစ်သူတစ်ယောက် အနေနဲ့ ပါဝင်ရ တယ်လို့ ဖြိုးငွေစိုးက ပြောပါတယ်။ပါဝင်သရုပ်ဆောင်ရတဲ့ အနုပညာရှင် ၄ ယောက်စလုံးကတော့ သူ့လုပ်ကွက်ကိုယ်စီနဲ့ သရုပ်ဆောင်သွားရမှာဖြစ်ပေမယ့် သူ့ကိုဧည့်သည် သရုပ်ဆောင်လို့ နာမည်ထိုးပေးထားတဲ့အပေါ် သူ့ရဲ့ ဖီလင်ကိုမေးမြန်း ကြည့်တော့ …

“အဲဒီလောက်ပဲ ပါဝင်လို့ကောင်းတယ်။ အဲဒီထက်များရင်လည်း အဆင်မပြေဘူး။ နည်းရင် လည်းအဆင်မပြေဘူး။ သူတို့နဲ့ ဇာတ်လမ်း အကြောင်းပြောကြတော့ ကျွန်တော့် ကို ဧည့်သည် သဘောမျိုးလောက်ပဲထား။ ဇာတ်ကရွှေထူးဇာတ်။ တအား ကောင်းနေတော့ ဒါကိုကျွန်တော်က ဇာတ်ပို့အနေနဲ့ပဲဆိုလည်း ဘယ်လိုမှ စိတ်ထဲမှာ မသတ်မှတ်ဘူး။ ဒီဇာတ် လမ်းလေးကို ကျွန်တော် က ကြိုက်တယ်။ အဲဒီအတွက် ပါဝင်ရိုက်ကူးတယ်။ ဒီလောက်ပါပဲ။ ဧည့်သည်ဆို တာကြောင့် တခြားခံစားရတာမရှိပါဘူး”လို့ ဖြိုးငွေစိုးက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here