ချစ်သူသစ် ရှိနေပြီဖြစ်တဲ့ နေခြည်ဦး

0
178

နာမည်ကျော်သရုပ်ဆောင် မင်းသားတစ်ဦးနဲ့ လမ်းခွဲပြတ်စဲထားတဲ့ Beauty Blogger နေခြည်ဦး တစ်ယောက်လည်း ချစ်သူသစ်ရရှိနေပါပြီ။ ဒီတစ်ခါ သူဘယ်လိုချစ်သူမျိုးကို ပိုင်ဆိုင်ထားလဲဆိုတာကို နေခြည်ဦးက “သူချစ်ကို ရှာထားတာ။ သူချစ်ဆိုတော့ နေခြည့်ကို ပိုချစ်တာပေါ့။ ချစ်သူဖြစ်တာကတော့ သိပ်မကြာသေးပါဘူး။ အခုချိန်မှာတော့ နေခြည် ပျော်နေတယ်။ နေခြည်ရဲ့ အခု ရီလေးရှင်းရှစ်က အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်နေတယ်။ နေခြည့်အလုပ်ကိုလည်း သူ ပံ့ပိုး တယ်။ အဲဒီအတွက် တော်တော်ပျော်နေပါတယ်”လို့ ပြောပြပါတယ်။ ဒီချစ်သူနဲ့ စတင်တွေ့ ဆုံဖြစ်ခဲ့ပုံ ကိုလည်း နေခြည်ဦးက …

“အနုပညာအသိုင်းအဝိုင်းက မဟုတ်ဘူး။ အပြင်ကဆိုတော့ အပြင်မှာပဲ သူငယ်ချင်းတွေနဲံ့ညေါသကအ လုပ်ရင်းကနေ နေခြည်တို့ ဆုံတွေ့ဖြစ်ကြတာပါ”လို့ ပြောပြ ပါတယ်။ ဒီချစ်သူက သူ့ရဲ့အနုပညာအလုပ်အပေါ် အားပေးမှုရှိပေမယ့် သဝန်တော့ တိုတတ်ကြောင်းကို …

“ယောက်ျားလေးဆိုတော့ သဝန်တိုတာပေါ့လေ။ အစကတော့ သဝန်မတိုဘူးပြောပြီး။ အခုကျတော့ ရွှေထူးလည်းဆိုရော သူနည်းနည်းတော့ သဝန်တို တယ်နဲ့တူပါတယ်။ လူငယ်ဆိုတော့လေ။ သူ့အနေနဲ့ သူချစ်တဲ့မိန်းကလေး တစ်ယောက် အပေါ် ဒီလောက်တော့ သဝန်တိုမှာပေါ့နော်။ သူလည်း အနုပညာအသိုင်းအဝိုင်းကမဟုတ် တော့ အများကြီး ဘယ်နားလည်ပေးနိုင်မလဲနော့”လို့ အခုလက်ရှိမှာ အဆိုတော်ရွှေထူးနဲ့ အတူတွဲဖက်ပြီး ရိုက်ကူးမယ့် ဇာတ်ကားနဲ့ပတ်သက်ပြီး ချစ်သူရဲ့ စိတ်မချမှု သဝန်တိုမှုတွေ ကို နေခြည်ဦးက ပြောပြခဲ့တာဖြစ်ပါတယ်။ ချစ်သူသစ်ရရှိသွားတာ မကြာသေးကြောင်းနဲ့ သူတို့နှစ်ဦး ဘယ်လိုနားလည်မှုမျိုးတွေနဲ့ ရှေ့ဆက်သွားမလဲဆိုတာကိုလည်း နေခြည်ဦးက …

“ချစ်သူတွေဖြစ်တာ လပိုင်းပဲရှိသေးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ကတော့ ကြိုးစားလုပ်ယူရမှာပေါ့နော်။ လပိုင်းဆိုတော့ အခုချိန်က သမီးရည်းစားတွေမို့ ရန်ဖြစ်ကောင်းတုန်း လေ။ ရန်ဖြစ်ကြတယ်။ သူအဆင်မပြေတာ ကိုယ်အဆင်မပြေတာတွေ တွေ့လာရတယ်။ ဒါပေမဲ့ လည်း နေခြည်အပေါ် သူနားလည်ပေးပါတယ်။ နေခြည်တို့ နှစ်ယောက်က ပြဿနာတွေကို ပိုကြီး ထွားအောင် မလုပ်ဘူးဆိုတော့ အဆင်ပြေမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here