ဘီးကြဲကြီး ဖြစ်နေလည်း ချစ်ကြပါလို့ ရွှတ်ရွှတ်နောက်နောက် ပြောလိုက်တဲ့ ကျော်ထွဋ်ဆွေ

0
159

အသက်အရွယ်တွေက လူငယ်လေး ကျော်ထွဋ်ဆွေကနေ လူလတ်ပိုင်း အရွယ်ထဲ ကို ရောက်ရှိလို့လာ ပြီကိုး။ ဘာပဲပြောပြော ကျော်ထွဋ်ဆွေဆိုရင် သူ့ချစ်သူ နန်းသူဇာကို သိပ်ချစ်ပြီး သူတို့စုံတွဲကို ပရိသတ်တွေ ချစ်ခင်အားပေး နေကြတာလည်း အမှန်တကယ်ပါပဲ။ အသက်တွေကြီးလာတဲ့ကိုကျော် ကြီး ဘာတွေပြောင်းလဲသွားပြီလဲ၊ မင်္ဂလာသတင်းရော ဘယ်တော့ ကြားရမှာလဲလို့ မေးတော့…..

“အသက်တွေကတော့ ကြီးလာမှာပဲပေါ့နော်။ ဟဲ ဟဲ…။ ကြီးလာတော့လည်း ဘဲကြီး၊ ဘီးကြဲပေါ့။ ဘီးကြဲကြီးဖြစ်နေလည်း ချစ်ကြပါပေါ့(ရယ်လျက်)။ ကျွန်တော်တို့ မင်္ဂလာသတင်းလည်း လိုပါသေး တယ်။ လောလောဆယ်တော့ လူပျိုကြီးပါပဲ (ရယ်လျက်)” လို့ ကျော်ထွဋ်ဆွေကပြောပါ တယ်။ လက်ရှိ ရန်ကုန်မှာက လွန်ခဲ့တဲ့ နှစ်တွေတုန်းကလို ဟစ်ဟော့ပ် ရှိုးပွဲတွေ နည်းသွားပြီနော်။ ကျော်ထွဋ်ဆွေရော အဲဒီလိုမြင်မိလားလို့ဆိုတော့……

“လောလောဆယ်ကတော့ ပွဲကြီးမရှိတော့ ပွဲအသေးလေးတွေပေါ့။့ ညိနမါမသကညိ ပွဲတွေရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း show ပွဲတွေ သွားကနေတာကိုး(ရယ်လျက်)။ ရန်ကုန်မှာကတော့ အခုက ဒါတွေချည်းပဲဆိုတော့ ပရိသတ်တွေလည်း ရှိတဲ့နေ ရာ သွားရတာပေါ့” လို့ သူက ပြောပါတယ်။ ကျော်ထွဋ်ဆွေနဲ့ ဂျောက်ဂျက်တို့ အခွေလေးတစ်ခွေထွက်ဖို့လည်း သတင်းကြားထားတော့ အဲဒီအကြောင်း ကို မေးဖြစ်တဲ့အခါ…

“ဇွန်လ နောက်ဆုံးပတ်ရောက်ရင် ကျွန်တော်ရယ်၊ ဂျောက်ဂျက်ရယ်၊ Down Town Stream-2 ထွက်မယ်ဗျ။ Down Town Stream-2 မှာ လည်း ပွဲလေးလုပ်သလို အခုလည်း ပွဲလေးလုပ်ပါမယ်။ အနားနီးရင်ပြောပါမယ်ဗျ။ အခုကတော့ နေရာစဉ်းစားနေတယ်။ ဒီတစ်ခါတော့ ဖျော်ဖြေရေးပါထည့်ဖို့ ကြိုးစားနေပါ တယ်”လို့ ကျော်ထွဋ်ဆွေက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here