Samsung မှ နာမည်ကျော်အဆိုတော်များနှင့် Galaxy J Music Festival ပွဲကျင်းပရန် ပြင်ဆင်နေ

0
158

Samsung မှ မကြာမီ ရန်ကုန် မြို့မှာ ကျင်းပပြုလုပ်မယ့် Galaxy J Music Festival ပွဲအကြောင်း စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနား ကို ဇွန်လ ၁ ရက်နေ့က ဆူးလေရှန် ဂရီလာဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ Samsung Galaxy J Music Festival ပွဲကို နာမည်ကျော်အနုပ ညာရှင်များနဲ့ ကျင်းပပြုလုပ်သွား မယ့်အကြောင်း Samsung Myanmar ရဲ့ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ပြောပြရာမှာတော့…

”ဒီပွဲလေးကတော့ Samsung ကို အားပေးကြတဲ့ပရိသတ်တွေအတွက် အသစ်ထွက်ရှိမယ့်Galaxy J 4 နဲ့ J6 မိတ်ဆက်ပြီးတော့ နာမည်ကျော် အနုပညာရှင် များဖြစ်တဲ့ Big Bag၊ လင်းလင်း၊ ဝေလ၊ အောင်ထက်၊ နေမင်း အိမ်၊ Kay ၊တင်ဇာမော်၊ ဖြူဖြူကျော်သိန်း၊ အိမ့်ချစ်နဲ့ မီးနိုတို့က ပါဝင်ဖျော်ဖြေ သွားမှာဖြစ်ပါတယ်။ ဒီပွဲကြီးကိုတော့ ဇွန်လ ၉ ရက်နေ့မှာThe One Entertainment Past မှာ ပြုလုပ် သွားမှာဖြစ်ပါတယ်”လို့ ပြောပါ တယ်။ ဒါ့အပြင် အသစ်ထပ်မံထွက် ရှိထားတဲ့Samsung Galaxy J4 နဲ့ J6 ကို pre-order မှာယူဖြင့် လက်မှတ် ၂ စောင်လက်ဆောင်ပေး သွားမည့်အကြောင်းကိုလည်း ကိုဇာ နည်ဝင်းထက်က ”ဒီပွဲလေးကို လာ ရောက်အားပေးကြတဲ့ပရိသတ်များ အနေနဲ့ လက်မှတ်တွေကို သတ်မှတ် ထားတဲ့ဆိုင်များမှလည်း မှာယူနိုင်ပြီး အသစ်ထပ်မံထွက်ရှိထားတဲ့ Galaxy J4 နဲ့ J6 ကို pre-order ၃ဝဝဝဝ ကျပ်ပေးရုံနဲ့ လက်မှတ် ၂ စောင်ကို လည်း လက်ဆောင်ပေးအပ်သွားမှာ ပါ”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here