တတိယမြောက် ဇာတ်ကားရိုက်ကူးပြီး အွန်လိုင်းကနေ အပိုင်းလိုက်ပြန်လွှင့်ဦးမယ့် ခင်စန်းဝင်း

0
213

မိတ်ကပ်ပညာရှင် ခင်စန်းဝင်းက ဇာတ်ကားနှစ်ကားရိုက်ကူးအပြီး တတိယမြောက် ဇာတ်ကားရိုက်ကူးတော့မယ်လို့သိရပါတယ်။ သူ့ကို အားပေးကြတဲ့ အပေါင်းအသင်း မိတ်ဆွေပရိသတ်တွေလည်းရှိသလို ဝေဖန်သူတွေကလည်းရှိကြပါတယ်။ သို့သော် သူက ဇာတ်ကားရိုက်ကူး တဲ့အခါ ရည်ရွယ်ချက်ကောင်းလေးတွေ၊ အကြောင်း အရင်းလေးတွေရှိလို့ ဇာတ်ကားထပ်မံရိုက်ကူးခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

”တတိယမြောက်ဇာတ်ကားက မကြီးက မိခင်နေရာကပေါ့။ ပြီးတော့ မကြီးနဲ့ ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေတစ်ယောက်ရဲ့ကလေးကို ကောက်ယူပြီး မွေး စားခဲ့တယ်။ ဒီကလေးကို မိဘတစ်ယောက်လို ပြုစုပျိုးထောင်ပေးတယ်။ အရွယ်ရောက်လာတဲ့အခါမှာ သူ့အမေအရင်းနဲ့ ပြန်တွေ့တဲ့အခါမှာ အမေအရင်းက သူ့ရဲ့အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်ဘဝကြီး ကို ခိုင်းစားချင်လို့ မကြီးလက်ထဲက ပြန်လုတာပေါ့နော်။ အတိုက် အခံလုပ်တဲ့ဇာတ်ကားလေးပါ”လို့ ခင်စန်းဝင်းက ပြောပါတယ်။ ရိုက် ကူးပြီးလို့ရှိရင် မကြီးစန်းဘယ်လိုပြန်လွှင့်မလဲလို့ဆိုတော့ …

”ဒီဟာကိုတော့ မကြီး အွန်လိုင်းကနေပြီးတော့ အပိုင်း လိုက်လွှင့်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဒုတိယဇာတ်ကားမှာ ဗီဒီ ယိုရိုက်ကူးတာက မြန်မာပြည့်အနှံ့မပြန့်ဘူးဆိုတော့ အဲဒီလိုမျိုး မပြန့်မှာစိုးရိမ်တဲ့အတွက် အွန်လိုင်းကနေပြီးတော့ တစ်ပိုင်းချင်း စီကို နေ့တိုင်းလွှင့်သွားမှာပါ” လို့ ခင်စန်းဝင်းကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here