ဆင်မသေရွာတွင် ဥမ္မာဒန္ဒီ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်း ဘုရားများအား ပြန်လည် ထီးတော်တင်ချင်သည့် ဘုရားဒကာများ ဆက်သွယ်နိုင်

0
259

ဟင်္သာတခရိုင်၊ဆင်မသေရွာ မှာ ဥမ္မာဒန္ဒီ တည်ထားကိုးကွယ်ခဲ့ တဲ့ ရှေးဟောင်းဘုရား ‘အနန္တဇိန အေးစူဠာမဏိစေတီတော်’ ရွှေထီး တော် စိန်ဖူးတော်ထီးတင်ပွဲကို မေလ၂၉ရက်နေ့က ပြုလုပ်ခဲ့ပါ တယ်။ အလှူပွဲမတိုင်ခင် မေလ၂၈ ရက်နေ့ညကတော့ အနုပညာရှင် များက မိမိတို့တတ်စွမ်းတဲ့ အနုပ ညာနဲ့ ဆင်မသေရွာမှပရိသတ်တွေ ကို ဖျော်ဖြေပေးခဲ့ကြပါတယ်။

”ဘုန်းဘုန်းဦးသိင်္ခဆိုတာက ကျွန်တော်တို့ရဲ့ မိသားစုကိုးကွယ်ခံ ဆရာတော်လို ဖြစ်နေကြတာလေ။ဘုန်းဘုန်းတို့ရဲ့ ဣစ္ဆာသယအဖွဲ့က တစ်နိုင်ငံလုံး သာသနာပြုနေကြတာ လေ။ဘုန်းဘုန်းဘုရားတည်တဲ့အခါ ကျွန်တော်တို့ဘက်ကလည်း လုပ်အားဒါနပဲဖြစ်ဖြစ်၊ ငွေကြေး လှူဒါန်းကုသိုလ်ပြုခြင်းပဲ ဖြစ်ဖြစ်၊ အမြဲတမ်း ကုသိုလ်ပါဝင် နေကျပါ။ အခုလည်း ရှေးဟောင်းဘုရားတွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် သွားဖို့ကို ခေါ်တော့ ကျွန်တော်လည်းလိုက် ပါ ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ လုပ် အားဒါနပြုဖို့ လိုက်ပါဖြစ်တာပါ” လို့ဘုရားထီးတင်ပွဲမှာ ပါဝင် ကုသိုလ် ယူခဲ့တဲ့ဟန်ဇာမိုးဝင်း ကပြောပါတယ်။ အဆိုပါဘုရား ထီးတင်ပွဲမှာ အရန်စေတီတော် တစ်ဆူကို သရုပ်ဆောင် ပပဝင်းခင် တို့ မိသားစုကလည်း ပါဝင်တည်ထား ကုသိုလ်ပြု လှူဒါန်းခဲ့ပါတယ်။

”ဘုန်းဘုန်းတို့ကတော့ ဣစ္ဆာသ ယ အလိုပြည့်ဗုဒ္ဒသာသနာပြုအဖွဲ့မှာဘုန်းဘုန်းကဦးဆောင်နာယကဆရာ တော်အနေနဲ့နေပါတယ်။ အဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနဲ့ကတော့ ဦးမေတ္တာဖြစ် ပါတယ်။ ကိုမိုးဝင်းက ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။ အတွင်းရေးမှူးကတော့ ကိုကျော်မြင့်ဖြစ်ပါတယ်။ဣစ္ဆာသယအဖွဲ့အနေနဲ့ ကရှေးဟောင်းစေတီ များပဲဖြစ်ဖြစ်၊ စေတီပုထိုးများပဲ ဖြစ် ဖြစ်အသစ် တည်ဆောက်ခြင်း၊ အ ဟောင်းတည်ဆောက်ခြင်းနဲ့ သာသနိ က အဆောက်အဦးများပြုပြင်မွမ်းမံခြင်းတွေကို ဘုန်းဘုန်းတို့က သဒ္ဓါတ ရားနဲ့ ဘယ်သူဆီကမှအလှူမ ခံဘဲနဲ့ ဘုန်းဘုန်းတို့ရဲ့အဖွဲ့လေးက နေ လိုက်လံပြီးတော့ ကုသိုလ်ပြုပါ တယ်” လို့ ဘုရားစေတီပုထိုး တွေ သာသနာပြုနေခြင်းနဲ့ ပတ်သက်လို့ ဆရာတော်ဦးသိင်္ခကပြောပြပါတယ်။

ဆင်မသေရွာမှာတော့ ရှေးဟောင်းဘု ရားခုနှစ် ဆူရှိပြီး အခုအန န္တဇိနအေး စူဠာမဏိစေတီ တော်အပါ အဝင် ၃ဆူအား ပြန်လည် ထီးတော် တင်ပြီး ပြီဖြစ်ကာ ကျန်ရှိတဲ့ စေတီတော်၎ဆူ ကို ဘုရား ဒကာအဖြစ် သာသနာပြုချင်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ဆရာတော် ဦးသိင်္ခ၊ ဖုန်း ၇၇၇၇၂၂၁၁၂ ဆီ ဆက်သွယ်လှူဒါန်း ကုသိုလ်ပြုနိုင်ကြောင်းသိရပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here