ရုပ်ရှင် ထုတ်လုပ်ရေးတည်ထောင်လိုက်ပြီ ဖြစ်တဲ့ရွှေမှုံရတီ

0
327

သရုပ်ဆောင် ရွှေမှုံရတီက ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုတည် ထောင်လိုက်ပါပြီ။သူတည်ထောင်လိုက်တဲ့ ထုတ်လုပ်ရေးနာမည်က တော့ ရွှေညီရတီထုတ်လုပ်ရေးလို့ အမည်ရပါတယ်။ဒီနာမည်လေးကို ဘာ အတွက်ကြောင့်မှန်းမသိ သဘောကျလို့ ပေးဖြစ်သွားတယ်လို့ ရွှေမှုံရတီ ကပြောပြပါတယ်။အခုလို ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ထူ ထောင်ဖြစ်ခဲ့ ပုံကို ရွှေမှုံရတီက….

“အမေကိုယ်တိုင် Production လုပ်တာပါ။ ညီမကတော့ အမည်ခံပါပဲ။ ရွှေမှုံ ရတီတိုက်လို့ပဲ အပြောခံရမှာပေါ့ နော်။အဓိကကတော့ညီမအမေ လုပ်တာပါ။သူဘာစိတ်ကူးနဲ့လုပ်လဲ ဆိုတာတော့ မပြောတတ်ပေမယ့် သူ လည်းအနုပညာကိုချစ်တဲ့ သူတစ်ယောက်ဆိုတော့ အနုပညာနဲ့ ပရိသတ်ကို ဘယ်လိုပေးဆပ်နိုင်မလဲ ဆိုပြီး သူ့ဘက်က တတ်နိုင်တာလေး လုပ်တယ်လို့ ညီမထင်ပါတယ်” လို့ ပြောပြပါတယ်။သူတို့ထုတ်လုပ် ရေးကနေ ပွဲဦးထွက်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကတော့ ဟာသ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ဦးမိုး ဦးက ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် များအနေနဲ့ကတော့ အောင်ရဲ လင်း၊ ခိုင်သင်းကြည်တို့နဲ့အတူ သူတို့ညီမ နှစ်ဦးလည်း ပါဝင် သရုပ်ဆောင်သွား မယ်လို့ပြောပြပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို ဇွန်လ ၁၈ ရက်နေ့မှာ စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ပွဲဦးထွက် ရုပ်ရှင် ဇာတ်ကားကို မင်းသားအောင်ရဲလင်းနဲ့ စတင်ရိုက်ကူးဖြစ်ရခြင်းက လည်း သူ့အမေနဲ့ ဒါရိုက်တာတို့ရဲ့ရွေးချယ်ခြင်းဖြစ်ပြီး သူ့အနေနဲ့ အောင်ရဲလင်းအပေါ် အမြင်ကို ရွှေမှုံရတီက ပြောပြရာမှာ….

“Actor အနေနဲ့ ပြောစရာ မရှိပါဘူး။သူကစီနီယာ။ ညီမထက် အလုပ်လုပ်လာတဲ့ သက်တမ်းကလည်း အများကြီးရှိတယ်။ ပြီးတော့ ညီမက ဒီဇာတ်ကားမှာ ဗခအသမ တစ်ယောက်အနေနဲ့ပဲပါတာဆို တော့ ဘာမှပြောစရာမရှိပါဘူး။ ကိုအောင် ရဲလင်းဆိုတာက တအားလည်း တော်တယ်။ကိုယ့်ထက်လည်း အများကြီး သမ္ဘာရှိတဲ့သူ တစ်ယောက် ဆိုတော့ သဲအနေနဲ့အများကြီး ပြောစရာမရှိပါဘူး” လို့ပြောပြပါတယ်။သူတို့ထုတ်လုပ်ရေးကနေ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လို ထုတ်လုပ် ရိုက်ကူးသွားမလဲဆိုတာကိုလည်း ရွှေမှုံရတီက အခုလိုပြောပြခဲ့ပါတယ်။

“မျှအောင်တော့ရိုက်ကူးရမှာပေါ့။အမေ့ကိုလည်းပြောထားပါ တယ်။ ဟာသဇာတ်ကားကိုပထမဆုံး တည်ဖြစ်သွားတာကလည်း ရိုက်ကူး ရက်နဲ့ ဇာတ်ကလေးက အဆင်ပြေ သွားတာကြောင့် မြန်မြန်လေးတည် ဖြစ်သွားတာပါ။ညီမစိတ်ကူးထားတဲ့ ဇာတ်လမ်းလေးတွေလည်းရှိပါတယ်” လို့သူကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here