ဇွန်လ ၃ ရက်နေ့က ခွဲစိတ် ကုသမှုခံယူခဲ့တဲ့ အကယ်ဒမီပိုင်ဖြိုးသု

0
204

သရုပ်ဆောင်အကယ်ဒမီ ပိုင်ဖြိုးသုရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကတော့ Cystadennoma left ovary ဖြစ် နေပါတယ်။ အရည်အိတ်က ဆို ရင် ၇၅ာာ လောက်ရှိနေ တဲ့အတွက်ခွဲစိတ်ရမယ့်အခြေအနေကို ရောက် ရှိခဲ့တယ်။ ဒီအတွက် ဒီခွဲစိတ်မှုကို ဇွန်လ ၃ ရက်နေ့ကGrandhantha ဆေးရုံကြီးမှာ ခွဲစိတ် ကုသမှုခံယူခဲ့ပါတယ်။ လက်ရှိကျန်းမာရေး အခြေ အနေနဲ့ပတ်သက်ပြီး ပိုင်ဖြိုးသုက …

“ကျန်းမာရေး အခြေအနေက ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ခွဲထုတ်ပစ်လိုက်ဖို့ တော့လိုတာပေါ့နော်။ ခွဲလိုက်မှ အဆင် ပြေမှာမခွဲဘဲ ထားလို့ရှိရင် ပေါက်သွားခဲ့ လို့ ရှိရင်လူအတွက် အန္တရာယ်ရှိတယ်။ အဲဒါကြောင့် ခွဲစိတ်တာပါ။ ပထမ တော့ ယူကေမှာခွဲဖို့ လုပ်ထားတာ အခုယူကေဗီဇာ မရလို့ မြန်မာပြည်မှာပဲခွဲတော့မယ်”လို့ ပြောပါ တယ်။ ဒီခွဲစိတ်မှုအတွက် ကြောက်ရွံ့ နေ လား ဆိုတော့ ပိုင်ဖြိုးသုက …

“မကြောက်ဘူး။ သုသုက နဂို ကတည်း က ဒီမှာပဲခွဲချင်တာ။ အဒေါ် က ယူကေမှာ ဆိုတော့ သူ့တူမခွဲစိတ်တာကို သူ့မျက်စိရှေ့မှာ ပဲ ခွဲစိတ်စေချင်လို့ သွားကြမှာ။ အခုဗီဇာလည်း မရဘူးဆိုတော့ သုသုက ဒီမှာ ခွဲချင်တာနဲ့ အဆင်ပြေသွားတယ်”လို့ ပြောပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြ တဲ့ ပရိသတ်တွေကို ပိုင်ဖြိုးသုက ပြန်စကားဆိုရာမှာတော့…

“သုနေပြန်ကောင်းသွားမှာပါ။ ခွဲစိတ် ပြီးသွားရှိရင် အရင်ထက် အနု ပညာ အလုပ်တွေ ကြိုးစားမှာပါ။ အနု ပညာ အလုပ်နဲ့ပတ်သက်ပြီး ကိုယ်လုပ် ပိုင်ခွင့် ရတဲ့နေရာကနေ ပရိသတ် တွေ အတွက်အကောင်းဆုံး ကြိုးစား ပြီး လုပ်ဆောင်သွားပါမယ်” လို့ပြော ပါ တယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here