မိခင်ဖြစ်သူကရုပ်ရှင်တွေရိုက်ကူးစေချင်ပေမယ့်လည်း အဆိုတော်တစ်ယောက်အနေနဲ့သာ ဆက်လက်ရပ်တည်သွားမယ့် ရတနာမိုင်

0
168

သရုပ်ဆောင်ထက် အဆိုပိုင်းကို ပိုပြီးဝါသနာပါတဲ့ ရတနာမိုင်…။ အနုပညာလောကသားများနဲ့ ပရိသတ်များက နေ မိုင်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ လတ်တလော မှာ ‘မုန်းလို့ရရင် မုန်းချင်တယ်’ ရုပ်ရှင်ဇာတ်ကားနဲ့ သူရဲ့ သရုပ်ဆောင်မှုကို ပရိသတ်သဘောကျနှစ်ခြိုက်နေကြပါ တယ်။ ‘မုန်းလို့ရရင် မုန်းချင်တယ်’ က ပြီးခဲ့တဲ့လပိုင်း ကမှ ရုံတင်ပြသထားတာဖြစ်ပေမယ့် ရိုက်ကူးထားတာ ၄ နှစ်လောက် အချိန်ကြာခဲ့ပြီဖြစ်ကြောင်းလည်း ရတနာမိုင်က ပြောပြပါတယ်။

”အဲဒီဇာတ်ကားလေးတုန်းက အတွေ့အကြုံ အနေနဲ့ဆိုရင် ကိုယ်က အဆိုတော်ဇာတ်ရုပ်ကိုပဲ ပြန်ပြီးရိုက်ရတဲ့အတွက် ထွေထွေထူးထူး အခက် အခဲရယ်လို့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကား ရိုက်ကူးထားတာ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က ရိုက်ကူး ထားတာဖြစ်တဲ့အတွက် ကိုယ်ကထွက် လာမယ်လို့ တောင်မထင်ဘူး။ အဲဒီဇာတ်ကားထွက်တုန်းက သီချင်း ကလည်း အကြမ်းကြီးပဲရှိသေးတယ်။ မနက်ဖြန် ရိုက်ကူး မယ်ဆိုဒီနေ့ညမှာ အကြမ်းကို အမြန်၊ အမြန်သွားဆိုခဲ့ရ တဲ့ သီချင်းအကြမ်းလေးပေါ့နော်။ အချောကို ကိုယ်က ဘယ်အချိန်ပြန်သွင်းမလဲလို့ စောင့်နေသေးတယ်။ စောင့်နေရင်းနဲ့ သုံးနှစ်၊ လေးနှစ်လောက် ကြာတော့ မထွက်တော့ဘူးလို့ ထင်သွားတာ။ ထင်သွားတုန်း ဒီဇာတ်ကားက ထွက်လာတော့ အံ့သြသွားတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ သီချင်းအကြမ်းလေးကိုပဲ ချစ်ပရိသတ်တွေ လက်ခံပေးတဲ့အတွက် အများ ကြီးကျေးဇူးတင်ပါတယ်” လို့ ရတနာမိုင်က ဆိုပါ တယ်။

ရုပ်ရှင်ဇာတ်ဝင်တေးတွေဆိုဖြစ်နေတဲ့ ရတနာမိုင်တစ်ယောက် လောလောလတ် လတ်တင်ပဲ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားကြီးမှာ လွှမ်း ပိုင်ရေးပေးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို ပါဝင်သီဆို ပေးထားပြီး နောက်ထပ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ် ကားကြီးတွေမှာလည်း သူမသီဆိုထားတဲ့ သီချင်းတွေ ပါဝင်သေးကြောင်း ပြောပြပါတယ်။ သာမန်သီချင်းတွေ သီဆိုရတာနဲ့ရုပ်ရှင်ဇာတ်ဝင် တေးသီဆိုရတာ ဘာတွေ ကွာခြားလဲ လို့ မိုင်လေးကို မေးတော့ …

”အခွေမှာကတော့ သီချင်း ၁၂ ပုဒ်ပါတာရှိ တယ်။ ၆ ပုဒ်ပါတာ ရှိတယ်။ အဲဒီအထဲကနေပြီးတော့ အကြိုက်ချင်းကတော့ မတူကြဘူး ပေါ့။ ရုပ်ရှင်ဇာတ်ဝင် တေးမှာကျတော့ အရုပ်နဲ့အသံနဲ့ စပ်ဟပ်လိုက် တဲ့ အတွက်ကို ပိုပြီးတော့ လူတွေနား ထဲတစ်ခါ တည်း ရောက်တယ်ပေါ့။ အဲဒီလိုမျိုးထင်မိပါတယ်။ ဒါပေမဲ့ သီချင်းဆိုတာကတော့ မု(ဒ်)အရကတော့ ဇာတ်ဝင်တေး သီဆိုတာရော၊ အခွေထဲမှာဆိုတာရောက ခံစား ချက်ချင်းက အတူတူပါပဲရှင့်”လို့ သူမက ပြောပြပါတယ်။

ရတနာ မိုင်က နာမည်ကျော် သရုပ်ဆောင်အဆိုတော် မိုရီဆာကီဝင်းနဲ့ တွဲဖက်ပြီးလည်း ကုန်ပစ္စည်းအမှတ် တံဆိပ်တစ်ခုရဲ့ Brand Ambassador အဖြစ်လည်း ဆောင်ရွက်နေ တာပါ။ ‘မုန်းလို့ရရင်မုန်းချင်တယ်’ ရုပ်ရှင်ဇာတ် ကားနဲ့သရုပ်ဆောင်ပိုင်းမှာနာမည်ပြန်ရလာပြီဆိုတော့ နောက်ထပ် ရောဇာတ်ကား ရိုက်ကူးမှုတွေပြုလုပ်သွားဦးမှာလားဆိုတော့ …

”ကမ်းလှမ်းလာတာတွေရှိရင်မေမေကတော့ ရိုက်ကူးစေချင် တယ်။ ဒါပေမဲ့ မိုင်လေးအနေနဲ့ကတော့ အဆိုကိုပဲ အဓိကထား ဦးစား ပေးခဲ့တယ်။ အဆိုကပဲ မိုင်လေးရဲ့ ပင်မအလုပ်ဖြစ်နေတဲ့အတွက် အဆိုကိုပဲ အဓိကထားတဲ့အတွက် အဆိုတော်တစ်ယောက်အနေနဲ့ပဲ ဆက်လက်လှုပ်ရှားသွားဖို့ရှိပါတယ်။ မိုင်လေးအခုလောလော ဆယ်ရုပ်ရှင်အနေနဲ့ကတော့ ဇာတ်ဝင်တေးတွေ သီဆိုဖြစ်နေ တယ်ပေါ့” လို့ ရတနာမိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here