ကိုရီးယား၊ မြန်မာ ဇာတ်လမ်းတွဲမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးဖို့ ကိုးရီးယားနိုင်ငံသွားရောက်ရမယ့် အဆိုတော် ရှင်းသန့်ဇင်

0
189

ရှင်းသန့်ဇင်ဆိုတဲ့ အဆိုတော်မလေးကို ပရိသတ်တွေသတိထားမိကြမှာပါ။ သူကတော့ အသက်ငယ်သေးပေမယ့် ဂီတပိုင်းမှာ ပါရမီပါလာတဲ့ကလေးငယ်တစ်ဦးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်သူဟာ အသက်ငယ်ပေမယ့် အဆိုပြိုင်ပွဲတွေမှာလည်း ဆုတွေရရှိထားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ အပြားဆီလည်း သီချင်းတွေလှည့်လည်သီဆိုနေရသူတစ်ဦးပါ။ သူ့ရဲ့အစ်ကိုဖြစ်သူ ညီညီသန့်ဇင်ကလည်း အဆိုတော်တစ်ဦးဖြစ်ပြီး အစ်ကိုဖြစ်သူသီချင်းဆိုတာကို နားထောင်ရင်းနဲ့ သူပါသီချင်းဆိုချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့တာလို့ သိရပါတယ်။

”ကျွန်တော်သီချင်းဆိုရင်သူကအမြဲတမ်းလိုက်ကြည့်တယ်။ သူက ပါရမီပါတယ်။ သူ့ဘာသာသူ ဆိုတတ်တယ်။ ညီမလေးဒီသီချင်းကိုဒီလိုလုပ်လို့ ပြစရာ မလိုဘူး။ သူ့ဘာသာသူကို အလိုလိုကျွန်တော့်ထက်ကိုတော်နေတယ်”လို့ ညီမဖြစ်သူနဲ့ပတ်သက်လို့ ညီညီသန့်ဇင်ကပြောပါတယ်။

ရှင်းသန့်ဇင်ကလည်း ငယ် ငယ်လေးကတည်းက အစ်ကိုဖြစ်သူကို အားကျစိတ်တွေနဲ့ အဆိုတော်ဖြစ်ချင်ခဲ့ပြီး စင်မြင့်ပေါ်မှာ မောင်နှမနှစ်ယောက်သီဆိုမှုတွေအပေါ် ပရိသတ်တွေကလည်း နှစ်သက်သဘောကျကြပါတယ်။ သူတို့မောင်နှမနှစ်ယောက်စလုံးဟာ မြန်မာသံကိုပဲ အဓိကထားသီဆိုကြ တာပါ။

အခုဆိုရင် မောင်နှမနှစ်ယောက်က နှစ်ယောက်ပေါင်းတစ်ကိုယ်တော်စီးရီးခွေထွက်ဖို့ စီစဉ်နေပါပြီ။ ဒါ့အပြင် ရှင်းသန့်ဇင်က မင်းသမီးတစ်ယောက်လည်းဖြစ်ချင်စိတ်ရှိနေပါ တယ်။ သူဟာ အနု ပညာပါရမီပါလာသူတစ်ဦးပီပီ ကိုရီးယားနဲ့ မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအတွက် ကလေးသရုပ်ဆောင်ရွေးချယ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

အဲဒီပြိုင်ပွဲကတော့ ပဏမနဲ့နောက်ဆုံးအဆင့်ဆိုပြီး နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး ရှင်းသန့်ဇင်က ကလေးသရုပ်ဆောင်အဖြစ် ရွေး ချယ်ခံခဲ့ရပါတယ်။ အဲဒီအတွက် ကိုရီးယားနိုင်ငံကိုသွားရောက်ရမှာဖြစ်ပြီး ကိုရီးယားနိုင်ငံက သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရမှာဖြစ်တာမို့ သူကိုယ်တိုင် ရင်ခုန်စိတ်လှုပ်ရှားနေကြောင်းဆိုပါတယ်။

”ညီမလေးကမင်းသမီးလည်းဖြစ်ချင်တယ်။ ဒါကြောင့်လည်း ဝင်ရောက်ပြိုင် ဖြစ်ခဲ့တာပါ။ အရွေးချယ်ခံရတဲ့အတွက်လည်း တအားပျော်ရပါတယ်။ညီမလေးကို အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ညီမလေးကိုလည်း ဆက် ပြီးအားပေးကြပါဦး။ အနုပညာနဲ့ပတ်သက်ပြီး ဆက်လက်ကြိုးစားသွားပါ့မယ်”လို့ ရှင်းသန့်ဇင်က ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here