နိုင်ငံခြားမှာအနုပညာကျောင်းတက်ဖို့ ကြိုးစားနေတဲ့ ပိုပို

0
177

ပညာရပ်တစ်ခု၊ ဘာသာရပ် တစ်ခုကို တစ်စိုက် မတ်မတ်နဲ့ လေ့လာဆည်းပူးမယ်ဆိုလို့ရှိရင် အသက် အရွယ် ဆိုတာ အရေးမကြီးသလို အချိန်တွေဆိုတာဟာလည်း အရေးမကြီးပါဘူး။ အဓိကက ကိုယ်တတ် မြောက်ချင်တဲ့ ပညာ ပ်တစ်ခုကို တတ်မြောက်သွားဖို့ပါပဲ။ ပိုပိုတစ်ယောက် ကျောင်းတက်နေတယ်လို့ ဆိုတဲ့ သတင်းတွေကြားရ တာ ကြာပါပြီ။ သို့သော် အဲဒီအကြောင်းကို Focus ထားပြီး မမေးဖြစ်ခဲ့ပါဘူး။ ‘ဘာဆက် လုပ်ရမလဲ’ဆိုတဲ့ သီချင်းကို Music Video ရိုက်ကူးနေတဲ့ ရိုက်ကွင်းရောက်ဖြစ်တော့မှ ဇူလိုင်လမှာ ထွက်ရှိမယ့် Master piece Music Video အခွေအတွက်လည်း မေးရင်း၊ ပိုပို တက်ရောက်နေတဲ့ ကျောင်းနဲ့ ပညာရပ်တွေ အကြောင်းလည်းမေးရင်း အင်တာ ဗျူးလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ သိရတာက BC (British Council) တက်ရောက်ပညာသင်ယူနေတဲ့ ကျောင်းသူလေးပိုပိုက သူမလေ့လာသင်ယူဖြစ်နေတဲ့ ပညာ ရပ်တွေအကြောင်းကို…

”အမှန်အတိုင်းပြောရမယ် ဆိုရင်တော့ ဆောက်ဖြစ် မှကျောင်းဒကာပေါ့နော်။ ဒါပေမဲ့ ပိုက အင်္ဂလိပ် စာ အဓိက လေ့လာချင်တယ်ဆိုတာက အင်္ဂလိပ်သီချင်း တွေရေး ချင်တာ။ တချို့သီချင်းတွေက Chorus လေးတွေကို အင်္ဂလိပ် လိုရေးတယ်။ ဒါပေမဲ့ တစ်ပုဒ်လုံးကို ပိုမရေးနိုင်ဘူး။ ဆိုတော့ အင်္ဂလိပ် လိုသီချင်းရေး ချင်တဲ့အတွက်ကြောင့်မို့လို့ အင်္ဂလိပ်စာကို လေ့လာတာ။ ဒါပေမဲ့ အင်္ဂလိပ်စာ လေ့လာ တယ်ဆိုတာကလည်း ချက်ချင်းကြီး ဝုန်းဒိုင်းကြဲ ကြီးဖြစ်သွားတာမဟုတ်ဘူး။ အကြာ ကြီးလေ့လာ ရဦးမှာပေါ့။ ၂ နှစ်လောက်လည်း ဖြစ်ချင်ဖြစ် မယ်။ ၃ နှစ်လောက် လည်းဖြစ် ချင်ဖြစ်မယ်။ တကယ်လို့များ ကိုယ်က အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ် သွားပြီဆို လို့ရှိရင် ပိုပို နိုင်ငံခြားမှာ အနု ပညာကျောင်းတွေ တက် နိုင် ဖို့စိတ်ကူးရှိပါတယ်။ အခု လည်းဘန် ကောက်မှာ Piano နဲ့ ပတ်သက် တဲ့ Course တစ်ခုလောက်ပြတ်သွားအောင် ကျောင်းတက် ဖို့ရှိပါတယ်။ ဒီအတိုင်းကြီးတော့ မနေချင် ဘူးလေ။ ကြိုးစားချင်တယ်။ ကိုယ်အသက်ရှင်နေ သရွေ့ ကိုယ်လုပ်ချင် တာတွေ ဖြစ်သွားအောင် ကြိုးစားသွားမယ်။ ပွင့်ပွင့်လင်း လင်းပြောရရင်တော့ အနုပညာနဲ့ ပတ်သက်ရင် တော်တော် လောဘကြီးတဲ့အထဲမှာပိုပိုပါပါတယ်”လို့ ပိုပိုက ပြောပြပါ တယ်။

အမှန်တကယ်လည်း အိမ်မှာ ပီယာနိုတီး သင်နေတဲ့ ပိုပို့ကိုမေးဖြစ်တာ တစ်ခုက အခုဆိုအောင်မြင်တဲ့ အဆို တော်တစ်ယောက် ဖြစ်နေပြီ။ တချို့ဆို အောင်မြင်ပြီး သွားတဲ့အခါ ရေလိုက်ငါးလိုက်နဲ့နေရင်နေ၊ ဒါမှ မဟုတ် အိမ်ထောင်တွေဘာတွေပြုပြီး အနုပညာဘဝကိုအဆုံးသတ် သွားကြတာတွေတွေ့ရတယ်။ ပိုပိုကသူတို့လိုမျိုး အဆုံး သတ်မသွားဘဲ နောက်ထပ် လေ့လာမှုတွေနဲ့ နိုင်ငံခြားမှာ တောင်အနုပညာကျောင်းသွားတက်မယ်ဆိုတော့ ဒါဟာ ကြိုးစားနေတဲ့ လူငယ် တွေအတွက်အတုယူစရာပါပဲ။ ပိုပို့ ခံယူချက်နဲ့လူငယ်တွေအတွက် အားပေး စကားလေး ပြောပေးပါဆိုတော့…

”အဓိကကတော့ ကိုယ်လုပ်ချင် တဲ့ အရာတစ်ခုကို တစ်စိုက်မတ်မတ်လုပ်ပါပေါ့။ ပိုပို အမြဲတမ်း ခံယူထားတာရှိတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်နိုင်အောင် ကိုယ်ကြိုးစားရမယ်။ နောက်ပြီး တော့ အမြဲတမ်းကိုယ်ကအောင်မြင်နိုင်တဲ့သူ ဖြစ်ရ မယ်။ အဲဒါကို အမြဲတမ်း ခေါင်းထဲမှာ ထည့်ထားတယ်။ နောက် တစ်ခုက ပိုခဏခဏလဲကျခဲ့တယ်။ အဲဒီလိုလဲကျတာကို ပြန်လည် ရပ်တည်ပြီး ဆက်ပြီးသွားခဲ့လို့ ဒီလိုနေရာဆီ ရောက်ရှိ လာခဲ့တာ။ အဲဒီတော့ ကြိုးစားနေတဲ့ လူငယ်တွေ လုံးဝစိတ်မ လျှော့ပါနဲ့။ ဖေ့စ်ဘုတ်ခ် ထိုင်သုံးနေလို့ လည်း ကိုယ့်ရဲ့ အရည်အချင်း တွေကတိုး တက် လာမှာ မဟုတ်ဘူးလို့လည်း ပြောချင် ပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ အခုခေတ် လူငယ်တွေက ဖေ့စ် ဘုတ်ခ်သုံးတာ များတယ်လေ။ ပို ကိုယ်တိုင် ဆိုလည်း သုံးနေတော့ ကိုယ့် ကိုယ်ကိုယ် ပြန်ထိန်းနေ ရလို့ ပြောပြချင်တာပါ။ စာ များ များဖတ်ပါ”လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here