ရိုးရာသဘင်ကို ဝိုင်းဝန်းအားပေး စောင့်ရှောက် ကြဖို့လှုပ်ရှားမှု တစ်ရပ် အနေနဲ့ ကျင်းပတဲ့မြန်မာ့သဘင် ရှုခင်း

0
182

မြန်မာနိုင်ငံသဘင်ဖောင်ဒေး ရှင်းမှ ဦးစီးဦးဆောင် ကျင်းပ ပြုလုပ်တဲ့ ‘မြန်မာ့သဘင် ရှုခင်း’ အခမ်းအနားကို ဇွန်လ ၂ရက်နေ့၊ နေ့လယ် ၂နာရီ အချိန်က ရန်ကုန် မြို့ Sule Shangrila Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ သံအမတ်ကြီးနှင့် ဆရာချစ်ဦးညို၊ တေးရေးမြင့်မိုးအောင်၊ တေးသံရှင် ကြီး ဒေါ်တင်တင်မြတို့က အကြံပြု စကား၊ မုဒိတာစကား၊ ဂုဏ်ပြုစကား၊ မေတ္တာစကားများ ပြောကြားခဲ့ကြပါ တယ်။

သသင် ပညာရပ်များ ရှင် သန်နိုင်ရေးနှင့် သဘင် ပညာရှင်များ ရပ်တည်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက် ဆောင်ပုဒ်ဖြင့်ဝါရင့် သဘင်ပညာရှင် များနှင့်ရိုးရာအနုပညာမြတ်နိုးသူ များပေါင်းစုဖွဲ့စည်းထားတဲ့ မြန်မာနိုင် ငံသဘင်ဖောင်ဒေးရှင်းမှ ၃နှစ်ကျော် သက်တမ်းကာလအတွင်း သဘင် လောကအကျိုး ၊ မိမိနိုင်ငံအကျိုးစွမ်း ဆောင်သယ်ပိုးနိုင်ခဲ့သမျှကို ရှင်း လင်းတင်ပြခြင်း ၊ မြန်မာ့သဘင်လော ကရဲ့သမိုင်းတန်ဘိုးနဲ့တကွ မျက် မှောက်ခေတ်သဘင်လောက အရွေ့ များ၊ဂေဇက်ဝင်ပွဲတော်များရဲ့ အခြေ အနေ မြန်မာ့သဘင်စင်မြင့်လို့ ခေါ်ကြတဲ့ ၊ ဇာတ်ခုံတွေပေါ်မှာ’ ဆို ငိုပြော’ ဇာတ်သဘင်ပညာများ ရှားပါးတိမ်မြုပ်ပျောက်ကွယ်လာ ခြင်း ၊ဇာတ်အဖွဲ့၊ ဆိုင်းအဖွဲ့များ ခေတ်အမြင်အတွေး ခေတ်သစ်နည်း ပညာများနဲ့ ရိုးရာသဘင်ကို မြှင့်တင် ကြရမှာ ဖြစ်သော်လည်း အရိုးကိုအ ရွက်မဖုံးစေဖို့ ထိမ်းသိန်းလုပ်ဆောင် ကြရန် မြန်မာတို့ရဲ့သက်ရှိယဉ်ကျေးမှုအမွေအနှစ်များဖြစ်တဲ့ ရိုးရာသ ဘင်ကို ဝိုင်းဝန်းအားပေး စောင့် ရှောက်ကြဖို့ လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

အဲဒီနောက်မှာတော့မြန်မာ့သဘင်တစ်ခေတ်၏ သဘင့်ဗိသုကာ ကြီးတစ်ဦးဖြစ်တဲ့မြို့တော် သိန်းအောင် ကြေးရုပ်တုဖြစ်မြောက် ရေးအတွက် မြန်မာနိုင်ငံသဘင် ဖောင်ဒေးရှင်းမှ ငွေကျပ်၅သိန်း လှူဒါန်းခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here