ခင်ပွန်းဖြစ်သူဆီက ကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိတဲ့ ရိုးရွိုက်စ်ကား မွေးနေ့လက်ဆောင် ရခဲ့တဲ့အပေါ် သရုပ်ဆောင် စမိုင်းလ် ရဲ့ခံစားချက်

0
256

သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာ ချစ်စရာသမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုတစ်စုကို ပိုင်ဆိုင်ထားသူပါ။ လာမယ့် ဇွန် လ ၂၂ ရက်နေ့က စမိုင်းလ်ရဲ့ မွေး နေ့ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကို ပြည့်မောင်က သူ့အတွက် မွေးနေ့ လက်ဆောင်အဖြစ် မေလ ၆ ရက်နေ့က Myanmar Plaza မှာ ကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိတဲ့ ရိုးရွိုက်စ်ကားတစ်စီးကို လက်ဆောင်ပေးပြီး Surprise လုပ်ပေးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ Surprise လုပ်တဲ့အတွက် စိတ်ခံစားမှုကိုလည်း သရုပ်ဆောင် စမိုင်းလ်က အခုလို ပြောပြခဲ့ပါတယ်။

”ကိုယ်က သူများကို Surprise လုပ်ရရင်ပျော်တယ်။ သူများကကိုယ့်ကို Surprise လုပ်ရင်မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ အစ်မကပွဲစီစဉ်တဲ့သူဆိုတော့။ စုံစမ်းရတာကို ဝါသနာပါတယ်။ သူတို့တစ်ခုခု Surprise လုပ်မယ်ဆိုရင် အစ်မသိ တယ်။ ဒါပေမဲ့ ဒီတစ်ခုကတော့ လုံးဝမသိလိုက်ပါဘူး။ တကယ်တမ်း မွေးနေ့က ၂၂ ရက်နေ့မှလေ။ အဲဒါကို ၆ ရက်နေ့ကတည်းက ကြိုလုပ်လိုက် တော့ မသိလိုက်ဘူးပေါ့။ သူများကို Surprise လုပ်လိုက်လို့ ပျော်သွားတာ ကိုကြိုက်ပေမယ့်ကိုယ် Surprise လုပ်ခံရရင် ဝမ်းနည်းသလိုလိုနဲ့ မျက်ရည် ကျလွယ်တယ်။ ပြီးတော့ လူတွေ အများကြီးရှေ့မှာလည်း မငိုချင်ဘူး။ အဲဒါကြောင့် Surprise မလုပ်ပါနဲ့ လို့ပြောထားတဲ့ကြားက အစ်ကိုက လုပ်လိုက်တာပါ”လို့ သူကပြောပြခဲ့ပါတယ်။

Surprise လုပ်ခံရတာကို မကြိုက်ပေမယ့် ခင်ပွန်းဖြစ်သူဆီက အခုလို လက်ဆောင်ရတဲ့အတွက် ဇနီးတစ်ယောက်အနေနဲ့ ကြည်နူး မိပါတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် စမိုင်းလ်က …

”ခင်ပွန်းဖြစ်သူရဲ့ အခုလို Surprise လုပ်ခြင်းကိုခံရတဲ့အတွက် မိန်းမတစ်ယောက်အနေနဲ့ ကြည်နူးမိပါတယ်။ တန်ဖိုးကြီးပစ္စည်းဆိုရင် အစ်မကတော့ အိမ်လေးလိုချင်တာပေါ့နော်။ ဒါပေမဲ့ ကားလေးလည်း အဆင်ပြေပါတယ်။ ဒါကတော့ အစ်ကို့ရဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က အိပ်မက်ပါ။ အစ်မတို့ကတော့ အရင်ကတည်းက ချမ်းသာလာတာ မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲဘဝကနေ တက်လာရတာ။ ပြီးတော့မိဘ ပိုက်ဆံချမ်းသာပြီးတော့ မွေးဖွားလာတဲ့သားသမီးလည်း မဟုတ်ပါဘူး။ မိဘကို ကိုယ်က ထောက်ပံ့နေရတာ။ အစ်မရဲ့ အဖေ၊ အမေရှိတုန်းကလည်း အစ်မတို့ ထောက်ပံ့ခဲ့တယ်။ အခုအစ်ကို့ မိဘတွေကိုလည်း ထောက်ပံ့နေပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here