ကျားနဲ့တည့်တည့်တိုးခဲ့ရတဲ့ သူထူးစံ ရဲ့အဖြစ်

0
350

သရုပ်ဆောင် သူထူးစံကတော့ မကြာမီရုံတင်ပြသတော့မယ့် ဒါရိုက် တာမောင်မျိုးမင်းရိုက်ကူးတဲ့ ‘မှော်ဝင်သမန်းကျား’ ရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ မင်းမော်ကွန်း၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်း ဆင့်နေခြည် စတဲ့သရုပ်ဆောင်များ နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကတော့ သာမန်ရိုးရိုးရုပ်ရှင်တစ်ကားမဟုတ်ဘဲ ဖြစ် ရပ်မှန်တစ်ခုကိုအခြေခံကာ ထိုင်း နိုင်ငံသို့သွားရောက်ပြီး ကျားအစစ် တွေနဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းဖြစ်ပါတယ်။ မကြာခင်မှာရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သူ့ရဲ့ရင်ခုန်မှုကိုလည်း သရုပ်ဆောင် သူထူးစံက အခုလိုပြော ပြခဲ့ပါတယ်။

”မှော်ဝင် သမန်းကျား ရုပ်ရှင် ဇာတ်ကား ရိုက်ကူးတုန်းကတော့ အမှတ် တရတွေလည်းအများကြီးရှိခဲ့တယ်။ အခက်အခဲတွေလည်း အများကြီးကြုံခဲ့ရပါ တယ်။ ကျားအစစ်နဲ့ ရိုက်ကူးရတာကတော့ တကယ်အမှတ်တရပေါ့နော်။ ရိုက် နေတုန်းကျားလွတ်သွားတဲ့အချိန်မှာ တော်တော်တော့ လန့်သွားတယ်။ ဒီရုပ်ရှင် ဇာတ်ကားကတော့ သာမန်ရိုက်ကူးနေကျ ရုပ်ရှင်ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ နည်းနည်း ထူးထူးခြားခြားမြင်တွေ့ရမှာပါ။ ကျားအစစ်တွေ နဲ့ ရိုက်ကူးတာဆိုတော့လေ။ ဒီရုပ်ရှင်ဇာတ်ကားကို အတိုင်းအတာတစ်ခုထိ တော့ အောင်မြင်မယ်လို့မျှော်လင့်ပါတယ်။ ရင်ခုန်မှုကတော့ ဒီဇာတ်ကားကို ဦးမျိုးမင်းက ကျွန်တော့်ကို ပေးတဲ့အချိန်ကတည်းက ဇာတ်လမ်းလည်းကောင်း တယ်။ ကျွန်တော်နေရာတစ်ခုတည်းမဟုတ်ဘဲ အကုန်လုံးကလည်း ကောင်း တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကရိုက်ကူးတဲ့အခါအခက်အခဲတွေ ရှိတယ်ဆိုတာ ကတော့ တကယ်ကျားအစစ်တွေနဲ့ရိုက်ကူးခဲ့ရတာကိုး။ ကျွန်တော့်အတွက် ကတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။ ဒါပေမယ့် ကျားကလွတ်ပြီး တော့ဝက်ကိုလိုက်ဆွဲတဲ့အခါမှာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ပေါ့။ အဲဒီ အချိန်မှာ နေခြည်ရဲ့ငယ်ဘဝ သရုပ်ဆောင်တဲ့ ကလေးလေးကိုဖက်လိုက် တယ်။ နည်းနည်းတော့ကြောက်ခဲ့ပါတယ်” လို့သူကပြောပြ ခဲ့ပါတယ်။

သူ့ဆီလာပြီးကမ်းလှမ်းတဲ့ဇာတ်ကားတွေထဲ သူကိုယ်တိုင်ရွေးချယ်ရိုက်ကူး တဲ့ အကြောင်းကိုလည်း သရုပ်ဆောင် သူထူးစံကပြောပြရာမှာတော့…

”ကျွန်တော်ကတော့ ကိုယ့်ဆီလာတဲ့ ဇာတ်ကားတွေကို ဇာတ်ရွေး ဖြစ်ပါတယ်။ ဇာတ်ကောင်းတယ်ဆိုရင် မင်းသားမှမဟုတ်ပါဘူး။ ကျွန် တော်ဘယ်နေရာ ရရရိုက်ကူးပါတယ်။ သရုပ်ဆောင်ပီပြင်အောင် ကြိုးစားပြီး ရိုက်ကူးပါတယ်။ ကျွန်တော် ရိုက်ကူးခဲ့တဲ့ဇာတ်ကားက ၂ဝဝကျော် ၃ဝဝ လောက်ရှိနေပြီဆိုတော့ ကာရိုက်တာက ထပ်နေပြီလေ။ အဲဒါကြောင့်ပါ” လို့ပြောပြ ခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here