အောင်မြင်မှုအတွက် ရရှိလာတဲ့အခွင့်အရေး တိုင်းကကိုယ့်အတွက် စိန်ခေါ်မှုပါပဲ သရုပ်ဆောင် ထက်အောင်ရှိုင်း

0
143

လတ်တလောမှာ သရုပ်ဆောင် ထက်အောင်ရှိုင်းကတော့ ဒါရိုက်တာ သားညီရိုက်ကူးတဲ့ Twenty-five percent ( 25%) ရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ သူ့ရဲ့ ငါးကားမြောက် ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးနေကြောင်း ကိုလည်း …

”ကျွန်တော်ပါဝင်တဲ့ ဇာတ်ကောင်စရိုက်ကတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးပါပဲ။ သရုပ်ဆောင်မော်ဒယ်၊ မိဘပိုက်ဆံရှိတယ်။ မိန်းမရှုပ်တယ်၊ ကိုယ်လုပ်ချင် တာလုပ်တယ်။ အဲဒီလိုမျိုးလေးပါ။ ဒါပေမဲ့ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါး မဟုတ်ပါဘူး။ ပညာပေးဇာတ်ကား၊ ပရဟိတ ဇာတ်ကားပါ။ လေးလေးနက်နက်ပါပဲ။ ကိုသားညီနဲ့ အလုပ်လုပ်ရတာကတော့ တအားအဆင်ပြေတယ်။ သူကလည်း ညီအစ်ကိုစိတ်ဓာတ်ရှိပါတယ်။ မသိတာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်းသင်ပြပေးတယ်။ ညီအစ်ကိုလို ပွင့်ပွင့်လင်းလင်းပါပဲ။ ကျွန်တော်ရဲ့ အောင် မြင်မှုအတွက် အနုပညာနဲ့ ပတ်သက်ပြီးရရှိလာတဲ့ အခွင့်အရေးတိုင်းက စိန်ခေါ်မှုတွေပါပဲ။ အဲဒီစိန်ခေါ်မှုတွေအတွက်လည်း ကျွန်တော်အကောင်းဆုံးပြင်ဆင်ပြီး တော့ အကောင်းဆုံး ကြိုးစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သူကတော့ မကြာခင်ရုံတင် ပြသတော့မယ့် စိန်ယောက်မ ရုပ်ရှင် ဇာတ်ကားမှာလည်း ကျော်ရဲအောင်၊ ပြေတီဦး၊ မို့မို့မြင့်အောင်၊ စိုးမြတ် သူဇာ၊ ခိုင်သင်းကြည်စတဲ့ ဝါရင့် သရုပ်ဆောင်များနဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့ပါ တယ်။ စိန်ယောက် မရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်မှုနဲ့ ပတ်သက်ပြီးလည်း …

”စိန်ယောက်မဇာတ်ကားက ဟာသဇာတ်ကားလေးပါ။ အဲဒီဇာတ် ကားထဲမှာ ကျွန်တော်က ကိုပြေတီဦး ရဲ့ သူငယ်လိုမျိုး သရုပ်ဆောင်ရတာ။ သူတို့မိသားစု သူ့အစ်မတွေကို စိတ်ပျက်သွားအောင်လို့ ဟန်ဆောင်ပြီး တော့ လုပ်ပြတာ တကယ်တော့ မဟုတ်ဘူးပေါ့။ အဲဒီလိုပုံစံမျိုးပါ။ စီနီ ယာအစ်ကိုတွေ၊ အစ်မတွေကလည်း လက်တွဲခေါ်ကြပါတယ်။ မသိတာ မတတ်တာရှိရင် အားလုံးပြောပြကြတယ်။ သင်ပြပေးကြပါတယ်။ သူတို့နဲ့ အတူရိုက်ကူးရတာလည်း တော်တော် အဆင်ပြေပါတယ်”လို့ ထက်အောင် ရှိုင်းကပြောပြခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here