သဘင်အနုပညာရှင်များ၏ ပထမအကြိမ် စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပ

0
251

မန္တလေးတိုင်းဒေသကြီး သဘင် လူမှုကူညီစောင့်ရှောက်ရေး ကော်မ တီက ကြီးမှူးပြီး မန္တလေးမြို့ပေါ်ရိှ ဇာတ်၊ ဆိုင်း၊ အငြိမ့် ဘိသိက်စတဲ့ အ နုပညာရှင် သဘင်လောကသားများ၏ သားသမီးများအား စုပေါင်း ရဟန်းခံ၊ ရှင်ပြုမင်္ဂလာသာသနာ့ ဘောင်သွတ် သွင်းချီးမြှောက်ပွဲကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၆ ရက်မှ ၈ ရက်နေ့ထိ မန္တလေး မြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ပရိ ယတ္တိသာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအလှူတော်မင်္ဂလာပွဲကို ဇွန်လ ၆ ရက်တွင် ရဟန်လောင်း ၂ဝ ပါးအား ရဟန်းခံပေးခဲ့ပြီး ဇွန်လ ၇ ရက် နံနက်ပိုင်းတွင် အလှူဝင်ပွဲ အဖြစ် အလှူလှည့်လည်ခြင်း ပြုလုပ် ခဲ့ရာ မန္တလေးတိုင်း သဘင်ပညာရှင် များ အစည်းအရုံး၊ လောကနတ် ခန်းမမှ မဟာမုနိဘုရားကြီးသို့ ခြေ ကျင်ဖြင့် လည်းကောင်း၊ မဟာမုနိ ဘုရားကြီးမှ မန္တလေးတောင် ဘိုးဘိုး ကြီး၊ မန္တလေးတောင်ဘိုးဘိုးကြီးမှ အောင်ပင်လယ် ဘိုးဘိုးကြီးသို့ ကား များဖြင့်လည်းကောင်း အတီးအမှုတ်၊ အက၊ အခုန်များဖြင့် မန္တလေးမြို့ တွင်း လှည်လည်ခဲ့ကြသည်။ ဇွန်လ ၈ ရက်တွင်အလှူကြီးပေးကာ သဘင် အနုပညာရှင်တို့၏ သားသမီးသဘင့် ရင်သွေးရှင် ၁၁၂ ပါးနှင့် သီလရှင် ၃ ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်ခဲ့ကြသည်။

”ကျွန်တော်တို့ အလွန်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ သဘင်အနုပညာ ရှင်တွေ သဘင်အနုပညာရှင်မိသားစု တွေ အားလုံးရဲ့  အလှူပွဲဖြစ်ပါတယ်။ ဒီညီညွတ်မှုအားတွေဟာ အလွန်ပီတိ ဖြစ်ဖို့ကောင်းပါတယ်။ဘာအရောင်မှ မပါဘဲ အချင်းချင်း ညီညွတ်ကြတယ်၊ ချစ်ခင်ကြတယ်၊ သဘင်လောကသား တွေရဲ့ ဒီအလှူပွဲပေါ်မှာထားတဲ့ စေ တနာစိတ်တွေ၊ ကုသိုလ်စိတ်တွေကို တွေ့မြင်ရပါတယ်။ ဒီလိုညီညွတ်မှု တွေက သဘင်လောက ဖွံ့ဖြိုးတိုး တက်ဖို့ အထောက်အပံ့ရမယ်လို့ ယုံ ကြည်ပါတယ်”ဟု ”မြန်မာနိုင်ငံ သ ဘင်ပညာရှင်များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က အလှူပွဲနဲ့ ပတ် သက်ပြီး ဝမ်းသာပီတိစကားဆိုပါသည်။

”မန္တလေးမြို့ပေါ်ရိှ ဇာတ်၊ဆိုင်း၊ အငြိမ့် ဘိသိက်စတဲ့ အနုပညာလုပ် ကိုင်နေကြသူ သဘင်လောကသား များရဲ့ သား၊ သမီးများကို စုပေါင်း ရဟန်းခံ၊ ရှင်ပြု အလှူပေးတဲ့ ပွဲ ဖြစ် ပါတယ်။မန္တလေးဆိုတာထက် သဘင် ထုအားလုံးအတွက် ကျွန်တော်တို့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီအလှူ တော်မှာ သဘင်ပရဟိတအဖွဲ့များ၊ သဘင်မိသားစုများ ပါဝင်ပူးပေါင်း ကြတဲ့အတွက် သဘင်လောကသား အားလုံးရဲ့ အလှူပွဲဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနောင်က ပြောသည်။

အလှူတော်မင်္ဂလာဖျော်ဖြေရေး အစီအစဉ်တွင် ပရဟိတလူရွှင်တော် အသင်း၊ ပရဟိတရွှေလက်များ အသင်း၊ ဂီတကွန်ရက်အသင်း၊ မြန် မာ့သဘင် အလှဆင်သူများအသင်း၊ နန်းအမရာ ပရဟိတအသင်း၊ ခြင်း အလှခတ်၊ ချောတိုင်တက်စွန့်စားမှု၊ အာလာဒင် မျက်လှည့်၊ ရွှေလက်ပိုင် ရှင်ဆိုင်း၊ လှယှဉ်ကျေးခင်သစ်လွင် ဆိုင်း၊ ဇာနည်ကိုဆိုင်း၊ အောင်ဆန်း မျိုးဆိုင်း၊ ဂီတကြယ်လေး စိန်ဓူဝံဆိုင်း၊ ရွှေသရဖူ ဒို့ဗိုလ်မ၊ ပစ်တိုင်းထောင်၊ ရွှေကောင်းသန့်၊ မြန်မာပြည်သွေးသစ်၊ စိန်မျက်ပြူး၊ သားဗိုလ်နိုင်နှင့် အကယ် ဒမီစိန်မွတ္တားဆိုင်းစသည့် ဆိုင်းအဖွဲ့ များနှင့် အနုပညာရှင်များက မြိုင်မြိုင် ဆိုင်ဆိုင်ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ငါး သည့်အပြင်မည်ရတင်သိန်း၊ ရတနာ တင်လင်း၊ ထင်အောင်ကျော်နှင့် ချမ်း မြေ့အောင်တို့က ဘိသိက်သွန်းလောင်း ကြခဲ့ကြပြီး အလှူအောင်ပွဲညတွင် မြို့မတေးဂီတအဖွဲ့၊ မင်းသမီးကြီး ဒေါ်ယုဝတီ၊ ရွှေမန်းသူမြင့်မြင့်သန်း၊ လူရွှင်တော်ဦးမြသာ၊ ဦးပေါစိန်၊ ဦး ထင်ပေါ်၊ ဦးချစ်စရာတို့က သက်ကြီး အနုပညာရှင်များ အငြိမ့်ဖြင့်ဖျော်ဖြေ ဧည့်ခံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here