ဦးကျော်သူနဲ့လက်တွဲပြီးအလုပ် လုပ်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူ ပါတယ် ထူးအောင်

0
201

မော်ဒယ်တစ်ဦးအဖြစ် ပရိသတ် အားပေးမှုရရှိထားတဲ့ ထူးအောင်က တော့ လက်ရှိမှာ သရုပ်ဆောင်တစ်ဦး အဖြစ် ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်သံ ဇာတ်လမ်းတွဲများမှာပါ ပါဝင်သရုပ် ဆောင်နေပြီဖြစ်ပါတယ်။ သူ့အနေနဲ့ Gym ဆော့တာနဲ့ပတ်သက်ပြီး လူ တွေစိတ်ဓာတ်ခွန်အားတစ်ခုရရှိ လာအောင် သူ့ရဲ့ Facebook မှာVideo File တစ်ခုတင်ပေးသွားမယ် ဆိုတဲ့ အကြောင်းကို … ”ကျွန်တော် Gym ဆော့တာနဲ့ ပတ်သက်ပြီးတော့ Video File တစ်ခု ကျွန်တော် Facebook ကနေ တင်ပေးသွားဖို့ရှိပါတယ်။ ကျွန်တော် အားကစားလုပ်တာမြင်ပြီး တခြားလူတွေလည်း လုပ်ချင်လာအောင်ပေါ့။ ဒီမှာ တော့ အဲလိုမျိုးတွေ ရိုက်တာသိပ်မတွေ့သေးပါဘူး။ အဲဒါကတော့ ရိုက်ပြီးသွား ပါပြီ။ ဒီရက်ပိုင်းအတွင်းမှာ လွှင့်ပေးသွားမှာပါ” လို့ ထူးအောင်က ပြောပြခဲ့ပါ တယ်။ သူကတော့ မကြာသေးမီက ”ပုဂံမြို့သူ”ရုပ်သံဇာတ်လမ်းတွဲမှာ ကျော်သူ၊ ဒေါင်း၊ မေမြင့်မိုရ်စတဲ့သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။

”ပုဂံမြို့သူဇာတ်လမ်းတွဲကတော့ ခုလာမယ့် ၁၁ လပိုင်းလောက်မှာ လွှင့်မယ်လို့ကြားပါတယ်။ ”ပုဂံမြို့သူ”ဇာတ်လမ်းတွဲကတော့ မူရင်းဝတ္ထုကတည်း နာမည်ကြီးတယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ ရုပ်သံဇာတ်လမ်းတွဲရိုက်တဲ့အခါကျတော့ နည်းနည်းပြန်ပြင်ထားတာလေးတွေလည်း ရှိပါတယ်။ ကျွန်တော် ကကျတော့ နှစ်ဘဝသရုပ်ဆောင်ရတာပေါ့။ ခုလက်ရှိဘဝတစ်ခုရယ်၊ နောက် အတိတ်ဘဝတစ်ခုလည်း ပါတယ်။ လူဝင်စားလိုပုံစံမျိုးပေါ့။ အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ပါဝင်တဲ့ ကာရိုက်တာကတော့ နည်း နည်း ဗီလိန်ဘက်ကိုသွားတဲ့ ပုံစံမျိုးလေးပါ။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ ဦးကျော်သူနဲ့လက်တွဲပြီးအလုပ် လုပ်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူ ပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ သူ့ဆီက ပညာတွေလည်း အများကြီး ရခဲ့တယ်။ ပြီးတော့ ကျွန်တော်ရဲ့ အစ်ကိုတစ်ယောက်လိုဖြစ်တဲ့ ကိုဒေါင်းဆီ ကလည်း ပညာတွေရခဲ့ပါတယ်။ တစ်ဖွဲ့လုံးကလည်း အားလုံးတက်ညီလက်ညီ နဲ့ ကြိုးစားထားပါတယ်။ အကောင်းမွန်ဆုံးနဲ့ အလုပ်တစ်ခုကိုဖန်တီးခဲ့ကြ ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲ စရိုက်တုန်းကတော့ ဒါက ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုပေါ့။ ဒါပေမဲ့ အားလုံးက မိသားစုလိုဖြစ်သွားကြတဲ့အချိန်မှာ ကိုယ်ကျရာဇာတ်ရုပ်တစ်ခုကို တာဝန်ကျေအောင် ကြိုးစားဖို့ပဲစိတ်ထဲမှာရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ၉ဝ % လောက် ကျေနပ်မှုရှိပါတယ်။ ကျန်တဲ့ ၁ဝ% ကတော့ ကိုယ့်ရဲ့လိုအပ်ချက်တွေပါ” လို့ ထူးအောင်က ပြောပြခဲ့ပါတယ်။

သူကတော့ လတ်တလောမှာ စီးပွားရေးကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး နောက်ထပ်ဇာတ်ကားတွေရိုက်ကူးဖို့လည်း စီစဉ်နေကြောင်း ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ -ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here