ပြင်သစ် Wedding ဝတ်စုံချုပ်နည်းကို လေ့လာသင်ယူခဲ့တဲ့ ဒီဇိုင်နာ ဌေးဌေးတင် (Shimizu)

0
317

Wedding ဝတ်စုံဒီဇိုင်းပညာနဲ့ပတ်သက်ပြီး ဂျပန်ချုပ်နည်း ထိုင်းချုပ်နည်းတို့ကို တက်မြောက်ထားတဲ့ ဒီဇိုင်နာဌေးဌေးတင်(Shimizu) က အခုနောက်တစ်ဖန် ပြင်သစ်က Wedding ဝတ်စုံချုပ်နည်းကို သွားရောက်သင်ကြားခဲ့ပါတယ်။ အခုလို ပြင်သစ်ဒီဇိုင်းပညာကို သွားရောက်သင်ကြားဖြစ်ခဲ့ပုံကို ဒီဇိုင်နာဌေးဌေးတင်က …

”ထိုင်းမှာ ပြင်သစ်ဆရာမက သင်ကြားတဲ့ Wedding ဝတ်စုံဒီဇိုင်းသင်တန်းလေးကို သွားတက်တာပါ။ အစ်မတို့က Update ဖြစ်တဲ့ ဒီဇိုင်းလေးတွေကို အမြဲလေ့လာနေမှ ဒီဇိုင်းလေးတွေကလန်းပြီး အမြဲဆန်းသစ်နေမှာလေ။ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်း အပေါ်မှာ ဝမ်းစာဖြည့်ဖို့အတွက် အစ်မအနေနဲ့ သွားရောက်ပြီးလေ့လာ သင်ကြားတာပါ။ သင်တန်းကတော့ တစ်ပတ်ပါပဲ။ ပညာတွေကတော့ အများကြီးရပါ တယ်။ သူတို့ ဒီဇိုင်းလေးတွေက ရှင်းရှင်းလေးတွေပေါ့။ အစ်မလည်း ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းဆန်းလေးတွေကို သဘော ကျလို့သွားပြီး လေ့လာဖြစ်တာပါ”လို့ ပြောပြပါတယ်။ ပြင်သစ် ဆရာမ Pimpa Kampab က သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ သင် တန်းပြီးပြီးချင်းမှာပဲ သူ့ရဲ့သင်တန်းက သင်တန်းသူတွေကို ဒီပညာတွေကို ပြန်လည်မျှပေးခဲ့တယ်လို့ ပြောပြပါတယ်။ သူ့အနေနဲ့ ဒီဇိုင်ပညာနဲ့ပတ်သက်ပြီး အခုချိန်မှာ မြန်မာ ဝတ်စုံဒီဇိုင်းချုပ်နည်းများအပြင် ပြည်ပနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဂျပန်၊ ပြင် သစ်နိုင်ငံတို့က ဝတ်စုံချုပ်နည်းတွေကို တက်မြောက်ထားသလို နောက်ထပ်လည်း လေ့လာ သင်ယူစရာတွေများစွာရှိနေသေးကြောင်း ဒီဇိုင်နာ ဌေးဌေးတင်က ပြောပြပါတယ်။

”အစ်မတို့က အမြဲတမ်းလေ့လာဖို့လိုပါတယ်။ ဒီပညာတွေက လေ့လာလို့ မကုန်နိုင်ဘူး။ ခေတ်တွေပြောင်းလဲတာနဲ့အညီ လိုက်ပြီး ပြောင်းလဲနိုင်မှ update ဒီဇိုင်းတွေကိုလည်း ဖန်တီးထုတ်လုပ် နိုင်မယ်။ အဲဒီအတွက် အစ်မတို့က အမြဲတမ်းလေ့လာနေမှသင်ယူနေ မှရမှာပါ။ နောက်ထပ်သင်ယူချင်တဲ့ ဒီဇိုင်းများလည်း ရှိပါတယ်။ အစ်မအခုလေ့လာထားသမျှ အစ်မရဲ့ ပညာတွေကို အမြဲတမ်း အစ်မလုပ်နိုင်တဲ့အချိန်အထိ သင်တန်းတွေ ဖွင့်လှစ်သွားမယ်။ ဒီဇိုင်းဆန်းဆန်းလေးတွေကိုလည်း အမြဲတီထွင်သွားမယ်”လို့ ဒီဇိုင်နာဌေးဌေးတင်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here