မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ထားတဲ့ စာပေ ဖန်တီးမှု အနုပညာသင်တန်း

0
217

မြန်မာနိုင်ငံရှိ စာပေပညာရှင် ပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာစာရေး ဆရာကလပ်၏ စာပေဖန်တီးမှု အနုပညာသင်တန်း အမှတ်စဉ် ၂ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့က Orchid Hotel တွင်ကျင်းပခဲ့သည်။ အဆိုပါပွဲ နှင့် ပတ်သက် ပြီး မြန်မာစာရေးဆရာကလပ်၏ ဥက္ကဋ္ဌဖြစ်သူ ဆရာကောင်းသန့်က …

”ဆရာတို့စာရေးဆရာကလပ်ကို စတင်တည်ထောင်တဲ့ ရည်ရွယ်ချက်တစ်ခုက မျိုးဆက်သစ်တွေ ကို ပြုစုပျိုးထောင်ဖို့ဆိုတဲ့ ရည်မှန်းချက် ပါပါတယ်။ အနုပညာအမှတ်စဉ် ၁ ဆိုပြီးတော့ သင်တန်း သား ၅၅ ယောက်နဲ့ စပါတယ်။ အဲဒီကနေစပြီးတော့ ၂ဝ၁၈ ခုနှစ်ထဲမှာပဲ ဘာသာပြန် အနုပညာသင်တန်း အမှတ်စဉ် ၁ ဆိုပြီးတော့ ဆက်ဖွင့်ပါတယ်။ အမှတ်စဉ် ၁ ဆိုပြီးတော့ တတိယ မြောက်သင်တန်း။ အခုဒါကတော့ ဆရာတို့ရဲ့ တတိယမြောက်သင်တန်း ဖြစ်ပါတယ်။ ဒီသင်တန်း ကို မေလ ၁၄ ရက်ကနေစပြီးတော့ ဇွန်လ ၈ ရက်နေ့အထိ ရက်ပေါင်း ၂ဝ၊ တစ်ရက်ကို ၃ နာရီနှုန်းနဲ့ နာရီပေါင်း ၆ဝ သင်ကြားပေးပြီးတော့ သင်တန်းဆင်း လက်မှတ်ပါပေးပါတယ်။ ဒီမှာသင်ကြားတဲ့ ဆရာတွေကတော့ ဆရာ ချစ်ဦးညို၊ ဆရာခင်မောင်ညို၊ ဆရာဟိန်းလတ်၊ ဆရာမ နုနုရီ(အင်းဝ)၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဆရာမ နှင်းဝေငြိမ်း၊ ဆရာမင်းခိုက်စိုးစံ၊ ဆရာအကြည်တော် စသဖြင့်ပေါ့နော်။ ထင်ထင်ရှားရှား စာရေးဆရာတွေ အားလုံး ပါပါတယ်။ ဆရာတို့ နောက်ထပ် ဘာသာပြန် အနုပညာ သင်တန်းဖွင့်မယ်။ နိုဝင်ဘာလကျော်လောက် ကျရင် စာပေဖန်တီးမှုအနုပညာသင်တန်းအမှတ်စဉ် ၃ ဆက် ဖွင့်ဦးမှာပါ။ တစ်နှစ်မှာ နှစ်ကြိမ်လောက် ဖွင့်နိုင် အောင် ကြိုးစားနေပါတယ်။ ဆရာတို့သင်တန်းသားဦးရေ ကိုတော့ အယောက် ၄ဝ လောက် သတ်မှတ်ထားပါတယ်။ ဦးရာလူစနစ် ပါပဲ”ဟု ပြောပြပေးခဲ့ပါတယ်။ ကဗျာဆုကို (ငါးဖမ်းကြသူများ)ဖြင့် မထက်ထက်စိုး၊ Essayဆုကို (အတ္တထိုင်ခုံ) ဖြင့် အဉ္စနညောင်ပင်၊ ဆောင်းပါးဆုကို (ပင်းတယရတနာ -၁) ဖြင့် မဟေမာမျိုးမြတ်၊ ဝတ္ထုတိုဆုကို (ချိုတာလေးလား၊ ခါးတာလား)ဖြင့် မချောစုဇော်တို့က ရရှိခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် သင်တန်းရက်မှန်ဆု ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသူ၊ သင်တန်းသား ၁၃ ယောက်တို့က အသီးသီးရရှိခဲ့ကြသည်။

ခိုင်ဝါဝင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here