မြန်မာနိုင်ငံ၏စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ My Tel ကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ သုံးစွဲနိုင်ပြီဟု တရားဝင်ကြေညာ

0
270

မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ My Tel ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအထိ သုံးစွဲနိုင်ပြီဖြစ်ကြောင်း ဇွန်လ ၉ ရက် နေ့က ရန်ကုန်မြို့၊ Pullman Yangon Centrepoint Hotel မှာ တရားဝင်ကြေညာလိုက်ပြီဖြစ်ပါ တယ်။ My Tel ရဲ့ တရားဝင် မိတ်ဆက်ပွဲကို မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချူပ် မဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးချုပ်H.E. NGUYEN MINH HONG၊ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ်H.E LUAN THUY DUONG ၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသာဦး၊ ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနဲ့ မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုယ်စားလှယ်များ တက်ရောက်လာကြပြီး အမှာစကား များ ပြောကြားခဲ့ကြပါတယ်။ My Tel ရဲ့ Brand Ambassadors နှစ်ဦးဖြစ်တဲ့ သရုပ်ဆောင်နေတိုးနဲ့ ဗီယက်နမ်အလှမယ်Nguyen Tran Huyen My တို့လည်း တက်ရောက်ခဲ့ပြီး My Tel သုံးစွဲမှုရဲ့အားသာချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ စတုတ္ထမောက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့My Tel ရဲ့ဝန်ဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး My Tel ရဲ့ပြင်ပဆက်ဆံရေး အရာရှိချူပ် ဦးဇော်မင်းဦးက အခုလို ပြောပြခဲ့ပါတယ်။

‘My Tel အနေနဲ့ မြို့ပြဒေသမှအစ ကျေးလက်ဒေသများအထိ နောက်ဆုံးပေါ် နည်းပညာများကို ပေးအပ်ရင်း မြန်မာနိုင်ငံကို ဒစ်ဂျစ် တယ်လမ်းကြောင်းပေါ် ခေါ်ဆောင်သွားမယ့်လှုပ်ရှားမှုမှာ တစ်ခန်းတစ်ကဏ္ဍက ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးခြင်းအားဖြင့် လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက်သာမက တစ်ကမ္ဘာလုံးနဲ့ဆက်သွယ် ချိတ်ဆက်သွားနိုင်မှာဖြစ်ပါတယ်။ အခုအချိန်ကစတင်ပြီး မြန်မာနိုင်ငံက သုံးစွဲသူတွေအနေနဲ့ My Tel ရဲ့ အရည်အသွေးမြင့် 4G အင်တာနက်နဲ့ တခြား သော ဝန်ဆောင်မှုပေါင်းများစွာကို ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here