မြန်မာသံဆိုပြီး ပုံစံခွက်ထဲမှာပဲနေရင်တော့ လူငယ်ပရိသတ် စိတ်ဝင်စားမှာ မဟုတ်ပါဘူး အဆိုတော် ဗညားဟန်

0
219

အဆိုတော် ဗညားဟန်းကတော့ လတ်တလောမှာ အဆိုတော် မြတ်နု သွေးရဲ့ ‘ရင်ခုန်သံနှင်းဆီိ’ တေးစီး ရီးမှာ စုံတွဲသီဆိုကာပါ အားဖြည့်ထား ပြီး သူရဲ့ ‘သတိရရဲ့လားမြခွာညို’ တေးစီးရီးသစ်ထွက်ရှိဖို့လည်း ပြင် ဆင်နေပါတယ်။ အသစ်ထွက်ရှိလာ တော့မယ် တစ်ကိုယ်တော်တေး စီးရီး မှာတော့ တေးရေးဆရာအသစ်တွေ ရေးပေးထားတဲ့သီချင်းများပါဝင်ပြီး ကိုယ်အကြိုက်ထက် ပရိသတ်ကြိုက် အောင် ကြိုးစားထားကြောင့်လည်း ပြောပြခဲ့ပါတယ်။ ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့သူကို အသစ်တွေနဲ့ လက်တွဲအလုပ်လုပ်ဖြစ်တဲ့အကြောင်း ကို မေးမြန်းခဲ့ပါတယ်။

”ကျွန်တော့်ရဲ့မကြာခင်ထွက်ရှိလာတော့မယ့် သတိရရဲ့လားမြခွာညို တေးစီးရီးမှာဆိုရင် တေးရေးဆရာ အသစ် ရာဇဝင်က ရေးပေးထားပါ တယ်။ သီချင်း ၁ဝ ပုဒ်ပါဝင်ပါတယ်။ ခု Online မှာ ကိုးပုဒ်တင်ပြီးပါပြီး။ နောက်ထပ်စုံတွဲ သီချင်းတစ်ပုဒ် တင် ပြီးရင် အခွေထွက်ပါပြီ။ သီချင်းတွေ အားလုံးကတော့ အသစ်တွေပါပဲ။ ကျွန်တော်ဆိုရင် ကျွန်တော်ထက် နောက်ကျတဲ့ အနုပညာရှင်အသစ် တွေကို လက်တွဲခေါ်ယူတယ် ဆိုတာ ကလည်း ကျွန်တော်အသစ်ဘဝတုန်း က ကိုယ်ထက်ဝါရင့်တဲ့သူတွေက ကိုယ့်ကို လက်တွဲခေါ်လို့ ဒီလောက ထဲကိုရောက်ရှိလာတာပဲလေ။ ဘယ် သူပဲ တွဲခေါ်ပါစေ။ ကိုယ်ကအသစ် တစ်ယောက်ဆိုပေမယ့်လည်း ကိုယ် က အသစ်တစ်ယောက်နဲ့တူအောင် ပရိသတ်ကြိုက်အောင် ကြိုးစားရပါ မယ်။ ကိုယ်တိုင်က အရည်အချင်း မပါရင် မှန်းထားတဲ့နေရာရောက်ရှိဖို့ ခက်ပါလိမ့်မယ်”လို့ပြောပြခဲ့ပါတယ်။

မြန်မာသံအဆိုတာ် တစ်ဦးဖြစ် တဲ့ သူ့ကို မြန်မာသံသီချင်းတွေ အ ပေါ် ပရိသတ်စိတ်ဝင်စားမှု နည်း လာကြတဲ့အပေါ် ဘယ်လိုလုပ်ဆောင် သင့်လဲလို့ မေးမြန်းခဲ့ရာ …..

”မြန်မာသံကိုလည်း ခေတ်နဲ့ လျော်ညီအောင် သီဆိုပြနိုင်ရင် ပရိ သတ်က စိတ်ဝင်စားလာမှာပါ။ မြန် မာသံ မြန်မာသံဆိုပြီးတော့ လေကြီး ထိုးရိုးရိုးနဲ့ပုံစံခွက်ထဲမှာနေရင်တော့လူငယ်ပရိသတ်က အားပေးကြမှာ မ ဟုတ်ပါဘူး။ ဒါကတော့ အစ်ကိုရဲ့ ခံယူချက်ပါ။ ဖြစ်ချင်တာကတော့ ခေတ်ထဲမှာနေဖို့လိုပါတယ်။ ဥပမာ အားဖြင့် သားအောင်တို့ မနောတို့ မြန်မာသံစဉ်လောကမှာ နေရာတစ်ခု ရရှိလာတာဟာ တကယ်တော့ပုံစံတွေ ပြောင်းပြီးတော့ ခေတ်ထဲကို ဝင် ရောက်လာတဲ့အတွက် လူငယ်တွေ အားပေးကြတာပါ။ အရင်တုန်းက ဆိုခဲ့တဲ့ပုံတွေဆိုမယ်ဆိုရင်တော့ စိတ် ဝင်စားမှာ မဟုတ်ပါဘူး။ မြန်မာသံ တော့ မြန်မာသံပဲ။ ဒါပေမဲ့ ခေတ်နဲ့ လျော်ညီတဲ့ စ စကားလုံးတွေ တီးတာ မှုတ်တာ၊ ရိုက်တာကအစ ပြုပြင် ပြောင်းလဲပြီးတော့ ချပြမယ်ဆိုရင် ခုခေတ်လူငယ်တွေလည်း မြန်မာသံ ကို အားပေးကြမှာပါ” လို့ ဗညားဟန် က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here