ချစ်သူနဲ့ တိရစ္ဆာန်ရုံထဲက ဝက်ဝံလေးဘယ်သူပိုပြီး ချစ်စရာကောင်းလဲ စဉ်းစားနေတဲ့ ပရီယန်ကာချိုပရာ

0
214

လတ်တလောအချိန်တွေမှာ ဘောလိဝုဒ်ရဲ့ စောင့်ကြည့်အခံရဆုံး စုံတွဲ အဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသမီးပရီယန်ကာချိုပရာနဲ့ သူ့ချစ်သူအမေရိကန်အဆိုတော် မင်းသားနစ်ခ်ဂျုန်းတို့ရဲ့ ထူးထူးဆန်းဆန်း ပို့စ်တစ်ခု အင်စတာဂရမ်မှာတက်လာပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က တိရစ္ဆာန်ဥယျာဉ်တစ်ခု မှာချစ်စရာုသေူေ ဝက်ဝံလေးနဲ့ နစ်ခ်တို့ အကူတွဲ ရိုက်ထား တဲ့ပုံကို အင်စတာ ဂရမ်မှာနစ်ခ်ကိုယ်တိုင်တင်လိုက်ပါတယ်။ အဲဒီပို့စ်ကို ကြည့်ရတဲ့ ပရီယန်ကာချိုပရာက “ဘယ်သူကပိုပြီးချစ်ဖို့ကောင်းလဲ” လို့ဆိုပါ သတဲ့။ အဲဒီစာသားလေးက တစ်ကမ္ဘာလုံးမှာ ကျော်ကြား သွားခဲ့ ပါတယ်။ အထက်ကဆိုခဲ့ တဲ့ပို့စ်လေးက သူတို့နှစ် ယောက် လော့စ်အိန်ဂျလိ့စ်မြို့မှာနှစ်ဦး ယှဉ်တွဲ တက်ရောက်ခဲ့ တဲ့ကော်ဇောနီခင်း ဧည့်ခံပွဲကြီးတစ်ခုတက် ရောက်အပြီးမှ နောက်ထပ်မံ ထွက် ပေါ်လာတဲ့ နှစ်ဦးစလုံးရဲ့ ပရိသတ်တွေ ပျော်ရွှင်စေတဲ့ သတင်းလေး တစ်ပုဒ် ဖြစ်နေပါတယ်။ Miss World 2000 ဆုရှင်ပရီယန် ကာချိုပရာဟာ ဘောလိဝုဒ်မှာသာမက ဟောလိဝုဒ် အထိထိုးဖောက်အောင်မြင်နေတဲ့သရုပ်ဆောင်၊ အဆို တော်၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here