သ ဘင် လော က သား များအားကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် သဘင် ဥပဒေ ရေးဆွဲနေကြောင်းသဘင်(ဗဟို)ဥက္ကဋ္ဌဦးဖိုးချစ်ပြောကြား

0
186

သဘင်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ အနုပညာရှင်များရဲ့ဘဝလုံခြုံစိတ်ချရေးကို အကာအကွယ်ပေးမယ့် သဘင်ဥပဒေကို ရေးဆွဲ နေကြောင်း သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။ ဒီလိုသဘင်ဥပဒေရေးဆွဲနိုင်ဖို့အတွက်ကလည်း သဘင်အလွှာအသီးသီးက စည်းမျဉ်းစည်းကမ်းတွေအတည်ပြုဖို့ လိုအပ်နေသေးပြီး ဥပဒေကြမ်းအနေနဲ့ကတော့ သူတို့မှာ ရှိထားပြီးပြီဖြစ်ရာ လွှတ်တော်တင်ဖို့ပဲ ကျန်တော့ တယ်လို့ သိရပါတယ်။

“ကာကွယ်ရမှာကတော့ အများကြီးပါပဲ။ သဘင်အနုပညာရှင်တွေဘက်ကလည်း ပရိသတ်နဲ့ အတတ်နိုင်ဆုံး ဆက်ဆံရေးပြေလည်ဖို့လိုတယ်။ မပြေလည်ဘူး၊ မကောင်းဘူးဆိုရင်လည်း ပရိသတ်ဘက်ကလည်း ရွေးချယ်ခွင့်ရှိတယ်။ ဒီအဖွဲ့ကို နောင် မကြည့်ဖို့လိုတာပေါ့။ အားမပေးတော့နဲ့။ အားပေးမှရပ်တည်လို့ ရမှာဆိုပေမယ့်လည်း သူတို့မှ မကြိုက်တာ မကြည့်ရုံပဲပေါ့။ ဒါပေမဲ့ သဘင်အနုပညာရှင်တွေပေါ်မှာ အန္တရာယ်ဖြစ်ရ လောက်အောင် ပြုမူတာကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် အဆင်မပြေဘူး။ မှားတယ်၊ မှန်တယ်၊ ကောင်းတယ်၊ ဆိုးတယ် ဆိုတာထက် ဘဝတစ်ခုလုံးကြီး ပျက်သွားရလောက်အောင် အန္တရာယ်ပြုတာမျိုးကတော့ ဘယ်သူကပဲပြုပြု ဘယ်သူ့ကိုပဲ ပြုပြု ကျွန်တော်တို့ကတော့ လက်ခံနိုင်စရာ မရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ အမှန်တရားအတိုင်းပဲ ဥပဒေကြောင်းအရ ဆက်သွားရမှာပါ”လို့ သဘင်အနုပညာရှင်တွေကိုကာကွယ်ဖို့နဲ့ ပတ်သက်လို့ သဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

သဘင်ဥပဒေပေါ် ထွက်လာတဲ့အခါမျိုးမှာ သဘင်အနုပညာရှင်တွေ ထိခိုက်ဒဏ်ရာရတဲ့ဖြစ်ရပ်မျိုးတွေ ပပျောက်သွားမလားဆိုတာကတော့ မလွယ်ကူလှကြောင်း၊ ဒါပေမဲ့လည်း ဥပဒေမရှိတာထက်စာရင် ရှိလာခဲ့တဲ့အခါ ဒါလုပ်ရင် ဒီလိုအပြစ် ဒဏ်ပေးခံရမယ်ဆိုတာ သိသွားမှာဖြစ်တဲ့အတွက် နည်းတော့နည်းသွားနိုင်ကြောင်း၊ လုံးဝကြီး ကင်းစင်သွား မယ်လို့တော့ မဖြစ်နိုင်ကြောင်း ဒီအတွက်ကိုလည်း ကြိုးစားသွားရမှာဖြစ်ပြီး သဘင်ဥပဒေက ပြည်သူလူထုကို စော်ကားဖို့ မဟုတ်ကြောင်း၊ သဘင်အနုပညာရှင်တွေအပေါ်မှာ ကျရောက်လာမယ့် အန္တရာယ်တွေ ဒုက္ခတွေကို ကာကွယ်ဖို့ပဲဖြစ် ကြောင်း၊ သဘင်ပညာရေးနဲ့ပတ်သက်လို့ မြှင့်တင်ထိန်းသိမ်းပေးဖို့ အထောက်အပံ့ဖြစ်စေဖို့အတွက်ဖြစ်ကြောင်း သူက ထပ်မံပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here