ရုပ်သံလိုင်းကနေ ခံစားကြည့်ရှုကြရတော့မယ့်စိုးပြည့်သဇင်ရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ

0
203

သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ ‘ဇနီးချောများ ကွန်ရက်’ ကို ဇွန်လ ၁၃ ရက်နေ့မှာMRTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ် လမ်းတွဲမှာ စိုးပြည့်သဇင်က ဒါရိုက်တာတစ်ယောက်ရဲ့ ဇနီးသည်ဇာတ်ရုပ်နေရာက ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇာတ်လမ်းလေးက ကြည့်ရှုသူပရိသတ်တွေကို ဘယ်လိုအသိပညာပေး မလဲဆိုတာကို…

“ဒီဇာတ်လမ်းတွဲထဲမှာက ဇနီးချောများ ကွန်ရက်ပေ့ခ်ျထောင်ထားပြီး တခြားသူတွေရဲ့ အိမ်ထောင်ရေး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ အက်ဒ်မင် ၄ ယောက်ရှိတယ်ပေါ့နော်။ အဓိကက တော့အိမ်ထောင်ရေးအရှုပ်အရှင်းတွေ အိမ်ထောင်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စလေးတွေအကြောင်း ရိုက်ကူးထားတာပါ။ နောက်ပြီးတော့ ဒီဇာတ်လမ်းက အလွမ်းအဆွေး ဒရမ်မာကြီးလည်း မဟုတ်ဘူး။ အပြင်က အိမ်ထောင်ရေးတွေနဲ့ တော်တော်လေး တူတဲ့ပုံစံ မျိုးလည်း ရှိတော့ ဘာပဲပြောပြောဖျော်ဖြေရေးအနေနဲ့ရော အသိပညာ ပေးတစ်ခုအနေနဲ့ပါ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်”လို့ စိုး ပြည့်သဇင်က ပြောပါတယ်။

ပထမဆုံးပါဝင်ရိုက်ကူး ရတဲ့ ဇာတ်လမ်းတွဲ ဖြစ်တာမို့ သူ့အနေနဲ့ ရင်ခုန်မျှော်လင့် ချက်တွေရှိနေကြောင်းလည်း”စိုးပြည့်မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု မြန်မာပြည်မှာလည်း မြန်မာဇာတ်လမ်းတွဲတွေကို အားပေးလာကြပြီဆိုတော့ စိုးပြည့် အကောင်းဆုံး ကြိုးစားထားတဲ့ ဒီဇာတ်လမ်းတွဲလေးကို ပရိသတ်တွေ အားပေးကြည့်ရှုကြဖို့ မျှော်လင့်ပါတယ်။ အခုစိုးပြည့်တို့ ဇာတ်လမ်းတွဲကMRTV ရုပ်သံကထုတ်လွှင့်မှာ။ ဒီဇာတ်လမ်းတွဲလေးကို စောင့်ကြည့်စေချင်တယ်။ အားပေးစေချင်ပါတယ်”လို့ စိုးပြည့် သဇင်ကပြောပြခဲ့ပါတယ်။ Aung Pyi Entertainmentကနေ တတိယအကြိမ်မြောက် ရိုက်ကူး တင်ဆက်ပြသတဲ့ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်သြဘာက ရိုက်ကူးပြီး ဖိုးသောကြာ၊ နေယံ၊ ဇေယျ၊ ကျော်ကျော်၊ စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ ခင်သဇင်၊ မေဘရဏီသော်တို့က အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်ဲး


LEAVE A REPLY

Please enter your comment!
Please enter your name here