ချစ်သူကိုထုတ်ပြဖို့အချိန်မတန်သေးဘူး

0
179

လတ်တလောမှာတော့ အဆိုတော်ခင်စုစုနိုင်ဟာ ဇန်နဝါရီလပိုင်းက အွန်လိုင်းပေါ်မှာ ပရိသတ်တွေ အတွက် တင်ပေးလိုက်တဲ့ မငိုပါနဲ့တော့ music video ဟာ ကြည့်ရှုသူတော်တော်များများနဲ့ ပရိသတ်အားပေးမှုကိုရရှိခဲ့ပါ တယ်။ နောက်ထပ်လည်း အွန်လိုင်းပေါ်မှာmusic video တစ်ပုဒ်တင်ပေးသွားဖို့ရှိတယ်လို့ အဆိုတော်ခင်စုစုနိုင်က…

”အစ်မ ၁ လပိုင်းလောက်က အွန်လိုင်းပေါ်မှာ music video လေးတင်ထားတဲ့ မငိုပါနဲ့တော့ သီချင်းလေးဟာ အွန်လိုင်း ပေါ်မှာ တော်တော်သဘောကျတဲ့သူများတဲ့အတွက် ဝမ်းသာမိတယ်။ အဲဒီသီချင်းလေးကို ကိုဝေကြီးရေးပေးထားတာပါ။ သီချင်းလေးက အေးအေးလေးနဲ့ဆိုတော့ ပရိသတ်ကို အကြိုက်တွေ့စေမယ်လို့ထင်ပါတယ်။ အခုလည်း နောက်ထပ် အွန်လိုင်းပေါ်ကို music video လေးတစ်ပုဒ်တင်ပေးဖို့ရှိပါတယ်။ ပရိသတ်နဲ့လည်းအဆက်အသွယ် မပြတ်အောင်ပြီးတော့ အစ်မကို အားပေးတဲ့ပရိသတ်တွေ အစ်မသီချင်းတွေကို အားပေးတဲ့ သူတွေအတွက် အွန်လိုင်းပေါ်မှာ ဒီလိုမျိုးလေး တွေတင်ဖြစ်တာပါ။ မိုးတွင်းလည်းရောက်ပြီး ဆိုတော့ အစ်မရဲ့တတိယအခွေအတွက် သီချင်းတွေစုနေတယ်။ သီချင်းတွေ အားလုံးကို ပရိသတ်ကြိုက်အောင်ကြိုးစားနေတယ်။ အဲဒီအတွက် တတိယမြောက်တစ်ကိုယ်တော်ခွေလေးကိုတော့ သီတင်း ကျွတ်မှာ ပရိသတ်တွေလက်ထဲရောက်အောင်ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ အေးဆေးပဲဖြစ်နေပြီး သူ့ရဲ့ချစ်သူကိုထုတ် ပြဖို့အချိန်မတန်သေးဘူးလို့ ခင်စုစုနိုင်က ပြောပြရာမှာတော့…

”အချစ်ရေးကတော့ သိပ်ပြီးထူးထူးခြားခြားမရှိဘူး။ ဒီအတိုင်းလေးပဲပေါ့။ ပြောင်းလဲမှုလည်းမရှိဘူး။ ပုံမှန်စီးဆင်းနေတဲ့ ရေပြင်တစ်ခုလိုပါပဲ။ နောက်ပြီးတော့ မုန်တိုင်းလည်းမရှိဘူး(ရယ်လျက်)အေးဆးပါပဲ။ သူနဲ့တွဲလာတဲ့နှစ်က တော်တော်ကြာပြီ။ ဘယ်နှနှစ်လဲတော့ မပြောတော့ဘူး။ လန့်သွားမှာစိုးလို့ပါ။ အဆိုတော်ဖြစ်ပြီးသွားမှ တွဲဖြစ်တာပါ။ တော်တော်တော့ကြာနေပါပြီ။ အစ်မရဲ့ ချစ်သူကို တချို့တလေသိတဲ့သူလည်းသိပါတယ်။ အစ်မကျတော့ ကိုယ့်ရဲ့ကိုယ်ရေး ကိုယ်တာအကြောင်းကို အဲဒီလိုမျိုးကြီး Public မချပြချင်ဘူး။ ချပြလိုက်လို့လည်း ဘာမှထူးခြားသွားမှာမဟုတ်ဘူးလေ။ အဲဒီ အတွက်ကြောင့် ကိုယ့်ရဲ့ချစ်သူကို Public ချပြဖို့ အချိန်မတန်သေးပါဘူး။ အစ်မရဲ့ချစ်သူက သီချင်းတော့ဆိုတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ မဆိုဖြစ်တာပါ။ အနုပညာလောကထဲကလို့ပဲ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here